Main menu

၂၀၂၅ ခုနှစ်၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်ရန် ကြိုတင်ပြင်ဆင်

Powered by Drupal

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ (World Consumer Rights Day) ကို နှစ်စဉ်ဂုဏ်ပြုကျင်းပပြုလုပ် လျက်ရှိပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ၂၀၂၅ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို “လူနေမှုဘဝ အစဉ်တည်တံ့ဖို့ မျှတအသွင် ကူးပြောင်းစို့” ဆောင်ပုဒ်ဖြင့် မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီ၊ မြို့တော်ခန်းမ၌ (၁၁-၃-၂၀၂၅) ရက်နေ့တွင် ကျင်းပရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိခြင်းနှင့် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

              စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် ကမ္ဘာ့ စားသုံးသူအခွင့်အရေးများနေ့တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီဝင်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ MRCCI နှင့် ညီနောင်အသင်းများ၊ သူနာပြုတက္ကသိုလ်နှင့် ပညာရေးကောလိပ်မှ ကျောင်းသား/ ကျောင်းသူများ စုစုပေါင်း (၁၉၃)  ဦးခန့်  အခမ်းအနား တက်ရောက်နိုင်ရေး  ဖိတ်ကြား၍ စားသုံးသူရေးရာကိစ္စရပ်များ ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူ ကာကွယ်ရေး နှင့် ပတ်သက်သော အသိပညာဗဟုသုတ ဉာဏ်စမ်းပဟေဠိ ဖြေဆိုခြင်းနှင့် ဆုချီးမြှင့်ခြင်း၊ ဧည့်ခံကျွေးမွေးခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ တေးသီချင်းများဖြင့် ဧည့်ခံဖျော်ဖြေ ခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ပြုလုပ်ရန် လျာထား ဆောင်ရွက်လျက် ရှိပါသည်။

              ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ မတိုင်မီ စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း သည့် ပညာပေးအစီအစဉ် Talk Show များ ပြုလုပ်သွားမည် ဖြစ်ပါသည်။ ကမ္ဘာ့ စားသုံးသူအခွင့်အရေးများနေ့ မတိုင်မီတစ်ပတ်အလိုမှစ၍ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး       Facebook Page များတွင် စားသုံးသူအခွင့်အရေးများနေ့နှင့် သက်ဆိုင်သည့် သတင်းအချက်အလက် များ ကြိုတင်ဖြန့်ဝေခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။အထိမ်းအမှတ်အခမ်းအနားနေ့ ဆောင်ပုဒ် ပါဝင်သည့် ( ၁၈ × ၆ ) မြေစိုက် ပိုစတာအား စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး ရှေ့မျက်နှာစာ တွင် စိုက်ထူခြင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားအား မန္တလေးမြို့တော် စည်ပင်သာယာ‌ရေးကော်မတီ၊ မြို့တော်ခန်းမ၌ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)