Main menu

မြင်းခြံမြို့ရှိ ဆန်ဆိုင်များတွင် ဆန်ရောနှောရောင်းချခြင်းရှိမရှိ ကွင်းဆင်းမှုအခြေအနေ

Powered by Drupal

မြင်းခြံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ၂၈-၂-၂၀၂၅ ရက်နေ့ ညနေ (၁၅:၃၀)အချိန်တွင် အမှတ်(၇)ရပ်ကွက် အေးမြသီတာဈေးရှိ ဆန်လက်လီလက်ကား ရောင်းချလျက် ရှိသော ဆန်အရောင်းဆိုင်များသို့ ဆန်ရောနှောရောင်းချခြင်းရှိမရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ ကြောင်း သိရှိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြင်းခြံဈေးကွက်အတွင်း၌ ရွှေဘိုပေါ်ဆန်း၊ ဧရာပေါ်ဆန်းဆန်များတွင် ဆန်ကြမ်းအမျိုးအစားများ ရောနှောရောင်းချခြင်းမရှိကြောင်း တွေ့ရှိရပြီး ဆန်ဆိုင်များတွင် ရောင်းချလျက်ရှိသော ဆန်ဈေးနှုန်းများအနေဖြင့် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၁၄၅၀၀၀ကျပ်၊ ရွှေဘိုပေါ်ဆန်းအသစ်တစ်အိတ်လျှင် ၁၃၅၀၀၀ကျပ်၊ မဂျမ်းတောတစ်အိတ်လျှင် ၁၃၃၀၀၀ကျပ်၊ ဧရာမင်းတစ်အိတ်လျှင် ၁၂၅၀၀၀ကျပ်၊ ဖန်သီးသုခတစ်အိတ်လျှင် ၉၀၀၀၀ကျပ်၊ မနောသုခတစ်အိတ်လျှင် ၈၅၀၀၀ကျပ်၊ ရက်၉၀ဆန် တစ်အိတ်လျှင် ၈၀၀၀၀ကျပ်၊ သုခတစ်အိတ်လျှင် ၇၅၀၀၀ကျပ်တို့ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)