Main menu

ဗဟိုစာရင်းအင်းအဖွဲ့များနှင့် ဆင်မင်းဈေးအတွင်းရှိ အခြေခံစားသောက်ကုန်ပစ္စည်းများ၏ စျေးနှုန်းများ၊ စျေးကွက်ဆိုင်ရာအခြေအနေများကို ကွင်းဆင်းစိစစ်ဆောင်ရွက်ခြင်း

Powered by Drupal

           ကုန်ဈေးနှုန်းကောက်ယူမှုလုပ်ငန်းဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးလမ်းညွှန်ချက် များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စားသုံသူရေးရာဦးစီးဌာန၊   ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ထူးမြတ်အိ၊   ဦးစီးအရာရှိ ဒေါ်ခင်သီ၊  ရန်ကုန်တိုင်းဒေသကြီး၊  အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှဦးလှစိုး  ၊ ဒုတိယဦးစီးမှူးဒေါ်လဲ့လဲ့ဌေး၊ ဌာနခွဲ စာရေး ဦးသိန်းထွန်း ၊ ဗဟိုစာရင်းအင်းအဖွဲ့ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ‌ဒေါ်ချိုချိုလွင်နှင့် ဝန်ထမ်း(၃)ဦး တို့သည် အလုံမြို့နယ်၊   ဆင်မင်းဈေးတာဝန်ခံ ဒေါ်ယဉ်ယဉ်ကြည်နှင့် တာဝန်ရှိသူများ ပူးပေါင်းပြီး ၂၈.၂.၂၀၂၅ ရက်နေ့၊   နံနက် (၀၈:၄၅) အချိန်တွင် ရန် ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီလက်အောက်ရှိ အထက်ဌာနများသို့ တင်ပြလျက်ရှိသည့် ဆင်မင်းဈေးအတွင်းရှိ အခြေခံစားသောက်ကုန်များ၏ဈေးနှုန်း (လက်လီ) ရောင်းချနေသည့် ဈေးနှုန်များမှန်ကန်မှုရှိစေရေးနှင့် ဈေးကွက်အတွင်း ဝင်ရောက်မှု အခြေအနေတို့ကို  ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့ စားသုံးသူရေးရာဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ ဈေးစည်ပင်သာယာရေးကော်မတီတို့ နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြေပြင်တွင် အမှန်တကယ်ဖြစ်ပေါ်နေသည့်   ဈေးနှုန်းအခြေအနေများကို သိရှိနိုင်ပြီး လိုအပ်သည်များကို စီမံဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)