Main menu

ရောနှောဆန်များရောင်းချခြင်းရှိ/မရှိကို အဖွဲ့စုံဖြင့်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကုန်သည်များအသင်း၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် (၂၈.၂.၂၀၂၅) ရက်နေ့တွင် ပုဇွန်တောင်မြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရပ်ကွက်နှင့်ဈေးများရှိ ဆန်အ ရောင်းဆိုင်အချို့အားစိစစ်ခဲ့ရာ ဆန်ရောင်းချသည့် အမျိုးအစားများတွင် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီ ပေါ်ဆန်း၊ ဧည့်မထ စသည့် ဆန်အမျိုးအစားများကိုသာ ရောင်းချလျက်ရှိပြီး အဆိုပါဆန် အမျိုးအစားများ သည် ရန်ကုန်တိုင်းဒေသကြီးမြို့နယ်များရှိ ဆန်စက်များ၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း တိုင်းဒေသကြီးများရှိ ဆန်စက်များမှကြိတ်ခွဲထွက်ရှိသော ဆန်များကို ရန်ကုန်မြို့၊ ဝါးတန်းကုန် စည်ဒိုင်မှတစ်ဆင့် ပြန်လည် ဖြန့်ဖြူးရောင်းချခြင်းဖြစ်ကြောင်း၊ တံဆိပ်အမှတ်အသားများဖြင့် ပြန်လည်ထုပ်ပိုး ရောင်းချခြင်း ဖြစ်ကြောင်းနှင့် ဆန်အမျိုးအစားများကို ရောနှောရောင်းချခြင်းမျိုးမတွေ့ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ ကြောင်း သိရှိရပါသည်။

စစ်ဆေးတွေ့ရှိချက်များအရ ဈေးကွက်အတွင်း ဆန်ဈေးနှုန်းများအား လစဉ်မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် သတ်မှတ်ရည်ညွှန်းစျေးများအတိုင်း ဈေးကွက်အတွင်းပုံမှန် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးမြို့နယ်များ၏ လူဦးရေနှင့်စားသုံးမှုအရ စပါးစိုက်ပျိုးထွက်ရှိမှု အပေါ် ဆန် လိုအပ်ချက်ရှိသော်လည်း ဧရာဝတီ၊  ပဲခူး ၊  မန္တလေး အစရှိသည့် တိုင်းဒေသကြီးများမှလည်း ဆန်စီးဝင်မှု များလည်းရှိသည့်အတွက်ကြောင့်လည်းကောင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းနှင့် သက်ဆိုင်ရာဌာနများမှ လည်း ဆန်စျေးနှုန်းတည်ငြိမ်ရေး ဝိုင်းဝန်းကြပ်မတ်စစ်ဆေး ဆောင်ရွက်လျှက်ရှိနေသည့် အတွက် ဈေးကွက် အတွင်း ဈေးနှုန်းအဆမတန်မြှင့်တက်ခြင်း၊ ဆန်ပြတ်လပ်မှုတို့ကို မတွေ့ရှိရဘဲ ပုံမှန်ဈေးကွက် အတွင်း၌သာ အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိကြောင်းသိရပါသည်။

DOCA(ရန်ကုန်)