
(၂၈.၂.၂၀၂၅)ရက်နေ့ (၁၃:၀၀)အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နယ်မြေ Air Cargo Terminal အစည်းအဝေးခန်းမ၌ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ (၁/၂၀၂၅)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အစည်းအဝေး တွင် အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ သတင်းရဲတပ်ဖွဲ့၊ လေကြောင်းရဲတပ်ဖွဲ့၊ လေကြောင်းပို့ဆောင်ရေး၊ ကုန်သည်စက်မှုအသင်းချုပ်၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့မှ တာဝန် ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ အစည်းအဝေးတွင် အရေးပေါ်စစ်ဆေးရန်ကိစ္စရပ်များ ပေါ်ပေါက်လာပါက အဖွဲ့ဝင် များအနေနှင့် ပူးပေါင်းပါဝင်ရေး၊ X-Ray စက်များ စနစ်တကျကိုင်တွယ်စစ်ဆေးရေး ရက်သတ္တ တစ်ပတ်လျှင် (၃)ကြိမ်ခန့် ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးနိုင်ရေး၊ ရသင့်ရထိုက်သည့်အခွန်ဘဏ္ဍာငွေ များ မဆုံးရှုံးစေရေး၊ ပစ္စည်းများ ဖွင့်ဖောက်စစ်ဆေးဆောင်ရွက်သည့်အခါ အဖွဲ့ဝင်များခေါ်ယူစစ်ဆေး နိုင်ရေးစသည်ဖြင့် အသေးစိတ်အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကာ အစည်းအဝေးကို (၁၄:၀၀) အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
DOCA(ရန်ကုန်)