
တွံတေးမြို့နယ် ၊ မတ်လ (၅) ရက်
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် စည်ပင်သာယာဈေး အတွင်း/ အပြင်ရှိ ဆန်ဆိုင်များတွင် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း စသည့်ဆန်ချောများတွင် ဆန်ကြမ်းများ ရောနှောရောင်းချခြင်းရှိ/မရှိကို မတ်လ (၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ကွင်းဆင်းစစ် ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် ဆန်စပါးနှင့်ဆန်ကုန်သည်ကြီးများအသင်းမှ ဥက္ကဌနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ ဝန်ထမ်းများ စသည့်ပူးပေါင်းအဖွဲ့ဖြင့် ဆန်ကြမ်း၊ ဆန်ချောရောင်းချသည့် ဆန်ဆိုင်များဖြစ်သည့် မလှလှဝင်း ဆန်ဆိုင်၊ နေဦးဆန်ဆိုင်များသို့ ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်းများတွင် ဆန်ကြမ်းများရောနှော ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆန်အမျိုးအစားအမျိုးမျိုးအား သတ်မှတ်ရည်ညွှန်းဈေး ထက်ပိုမိုရောင်းချခြင်းမရှိစေရေး အသိပညာပေး ဆောင်ရွက်ခဲ့ပြီး ရောင်းချလျက်ရှိသောဆန်များမှ မြို့နယ်အတွင်း ဆန်စက်များမှ ဝယ်ယူရောင်းချကြောင်း သိရသည်။
DOCA(ရန်ကုန်)