
(၃-၂-၂၀၂၅)ရက်နေ့ ၊ (၁၀:00)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးလှစိုး(ခရိုင်ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် သင်္ဃန်းကျွန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ဆန် ရောင်းချနေသော အမှတ် (၁၂၄)၊(ဆ) ရပ်ကွက်၊မေဓာဝီလမ်း၌ ဖွင့်လှစ်ထားသည့် ရွှေစကြာ ဆန်ဆိုင်သို့ သွားရောက်၍ ဆန်ရောင်းချမှုအခြေအနေအား ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါ သည်။
ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်ရှိ ရောင်းချနေသော ဆန်များသည် ရက်(၉၀)၊ ပေါ်ဆန်းတောင်ပျံ၊ ဧရာဝတီပေါ်ဆန်း(သစ်)၊ပုသိမ်ပေါ်ဆန်း၊ဇီယာစသည့် ဆန်များ ကို ဝါးတန်းကုန်စည်ဒိုင်မှ အများဆုံးဝယ်ယူရောင်းချလျက်ရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ပြီး ပုံမှန်ဖြန့် ဖြူးရောင်းချလျက်ရှိကြောင်း၊ ဆန်အရောအနှောများပြုလုပ်၍ ရောင်းခြင်း/ ဈေးနှုန်း မြှင့်တင်ရောင်းချသည်ကို စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူခံရ မှာဖြစ်ကြောင်း အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)