Main menu

ဆန်ဈေးနှုန်းကြီးမြှင့်စွာရောင်းချမှုမရှိစေရေး ကွင်းဆင်းကြပ်မတ်အသိပညာပေးဆောင်ရွက်ခြင်း

Powered by Drupal

          (၃-၂-၂၀၂၅)ရက်နေ့ ၊ (၁၁:00)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးလှစိုး (ခရိုင်ဦးစီးမှူး)နှင့် ဝန်ထမ်းများသည်  သင်္ဃန်းကျွန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ဆန်ရောင်းချနေသော အမှတ်(၃၆၂)၊ ဝေဘာဂီလမ်းနှင့် သဇင်လမ်းထောင့်၌ ဖွင့်လှစ်ထားသည့် မိဘမေတ္တာဆန်ဆိုင်သို့ သွားရောက်၍ ဆန်ရောင်းချမှု အခြေအနေအား ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြ ကြောင်း သိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်ရှိ ရောင်းချနေသော ဆန်များ၏ အသစ်/အဟောင်းဈေးနှုန်းများမှာ ကွာခြားချက်မများပဲ ကုန်စည်ဒိုင်မှချပြထားသော သတ်မှတ် ရည်ညွှန်းဈေးအတိုင်း ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပြီး၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားသော ဈေးနှုန်းများအတိုင်း ရောင်းချသွားရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချသည်ကို စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)