
(၃-၂-၂၀၂၅)ရက်နေ့ ၊ (၁၂:00)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးလှစိုး(ခရိုင်ဦးစီးမှူး) နှင့်ဝန်ထမ်းများသည် သင်္ဃန်းကျွန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ စားအုန်းဆီရောင်းချနေသော အမှတ်(၃၈၅)၊နွယ်နီလမ်း၊ (ဃ) ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်၌ ဖွင့်လှစ်ထားသည့် အောင်ဇဗ္ဗူမဟာဆီဆိုင်သို့ သွားရောက ်၍ စားအုန်းဆီရောင်းချမှုအခြေအနေအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ စစ်ဆေးရာတွင် ဆီဆိုင်ရှိ ရောင်းချနေသော စားအုန်းဆီများမှာ သတ်မှတ် ရည်ညွှန်း ဈေးများနှင့်ကိုက်ညီမှုရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြပါရှိသော စားသုံးဆီဘူးများ ရှိ/မရှိ စစ်ဆေးခဲ့ကြရာ ဈေးကွက်အတွင်း ရောင်းချနေသော ဆီများသည် ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာဖော်ပြပါရှိပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ပါရှိသည်ကို စစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)