Main menu

လူနေမှုဘဝအစဉ်တည်တံ့ဖို့ မျှတအသွင်ကူးပြောင်းစို့ (A Just Transition to Sustainable Lifestyles)

Powered by Drupal
Thu, 03/06/2025 - 15:11 -- consumer_admin

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအရည်အသွေးကို နိုင်ငံ၏ ပထဝီဝင်ဒေသအတွင်း စီးပွားရေးကြီးထွားမှု၊ နိုင်ငံရေးတည်ငြိမ်မှု၊ ဘာသာရေးဆိုင်ရာလွတ်လပ်မှု၊ သဘာဝသယံဇာတ အရင်းအမြစ်များအား ထိန်းသိမ်းနိုင်မှု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု မဖြစ်အောင် ကာကွယ် စောင့်ရှောက်နိုင်မှု၊ ရာသီဥတုဖောက်ပြန်မှုအပေါ် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိနိုင်မှု၊ အလုပ်အကိုင်အခွင့်အလမ်းရရှိနိုင်မှု၊ စုစုပေါင်းပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး(GDP) တိုးတက်မှု၊ ငွေကြေးဖောင်းပွမှုနှုန်း၊ ဆင်းရဲမွဲတေကွာဟမှုနှုန်း၊ အိမ်ရာတတ်နိုင်မှုနှင့် အိမ်ရာ၏ အရည်အသွေးကောင်းမွန်မှု၊ အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုကို တတ်နိုင် မှု (သို့) အခမဲ့ရရှိနိုင်မှု၊ ပညာရေးတတ်မြောက်ရရှိနိုင်မှုနှင့် ပညာရေး၏ အရည်အသွေးမြင့်မား မှု၊ မျှော်လင့်ခန့်မှန်းနိုင်သည့် ဘဝသက်တမ်းတွက်ချက်နိုင်မှု၊ ရောဂါဖြစ်ပွားမှုနှုန်း နည်းပါးခြင်း၊ အခြေခံအဆောက်အအုံများတည်ရှိမှုနှုန်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုတို့၏ အရည်အသွေး တန်ဖိုး ရှိမှု၊ ကောင်းမွန်သော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်ကို ပိုင်ဆိုင်ထားရှိမှု အစရှိသည့် အထွေထွေသဘာဝတရားများအရ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ နှိုင်းယှဉ်တိုင်းတာ သတ်မှတ်လေ့ ရှိကြောင်းသိရှိရပြီး အနာဂတ်တွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် အထက်ဖော်ပြပါ အချက်များ အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရေး နိုင်ငံတော်အစိုးရ၊ သက်ဆိုင်ရာ အစိုးရအဖွဲ့ အစည်းများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များ၊ လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံသူနိုင်ငံသားများအားလုံး စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်သွားရမည်ဖြစ်ပါသည်။

အထက်ဖော်ပြပါ အချက်များထဲမှ ကုန်စည်နှင့်ဝန်ဆောင်မှုတို့၏ အရည်အသွေး တန်ဖိုးရှိမှုနှင့်ကောင်းမွန်သော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်ကို ပိုင်ဆိုင်ထားရှိမှု ဆိုသည့်အချက်တို့သည် ယခု ၂၀၂၅ ခုနှစ်၊ မတ်လ (၁၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ စားသုံးသူအခွင့်အရေးများနေ့(World Consumer Rights Day-WCRD) အတွက် အပြည်ပြည် ဆိုင်ရာ စားသုံးသူများအဖွဲ့(Consumer International-CI)က သတ်မှတ်ပေးသည့် “A Just Transition to Substainable Lifestyles” ဆောင်ပုဒ်ကို ဘာသာပြန်ဆိုမှုပြုရာ “လူနေမှုဘဝ အစဉ်တည်တံ့ဖို့ မျှတအသွင်ကူးပြောင်းစို့” ဟူသော အဓိပ္ပာယ်သတ်မှတ်ချက်အရ မြန်မာနိုင်ငံ ၏ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၏ ပုဒ်မ (၁၉) တွင် ပြဋ္ဌာန်းထားသည့် စားသုံးသူ အခွင့်အရေး (၈) ချက်အနက် နောက်ဆုံးအချက်ဖြစ်သော “ပစ္စုပ္ပန်တွင်သာမက အနာဂတ် မျိုးဆက်သစ်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့်ပတ်ဝန်းကျင် တွင်နေထိုင်နိုင်ခွင့်ရရှိစေခြင်း” ဟူသောအချက်ကိုညွှန်းဆိုခြင်းဖြစ်သဖြင့် စားသုံးသူကာကွယ် ရေးဥပဒေနှင့်အညီ စားသုံးသူများ၏အခွင့်အရေးများအပြည့်အဝရရှိနိုင်ရေးအတွက် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် နိုင်ငံခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်လျက်ရှိနေသည့် အချက်များပင်ဖြစ်ပါသည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံသူနိုင်ငံသားများ နေ့စဉ်ဖြတ်သန်းလျက်ရှိသည့် စားဝတ်နေရေးကိစ္စရပ်များတွင် အသုံးပြုရသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ အရည် အသွေးတန်ဖိုးရှိမှု၊ ဘေးအန္တရာယ်ကင်းရှင်းမှု၊ လုံခြုံစိတ်ချရမှုစသည့် အချက်များပြည့်စုံမှုရှိမှ သာစားသုံးသူပြည်သူများ၏ လူနေမှုဘဝများ အစဉ်တည်တံ့မှာဖြစ်ပြီး ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းက ချမှတ်ထားသည့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပန်းတိုင် (၁၇) ချက် အနက်ပန်းတိုင် (၁၂) တွင် “ရေရှည်တည်တံ့သောစားသုံးမှုနှင့် ထုတ်လုပ်မှုပုံစံများဖြစ်ပေါ် စေရေး” ဟူသော အချက်ပါဝင်သဖြင့် စားသုံးသူပြည်သူများအတွက် ရေရှည်တည်တံ့သည့် လူနေမှုဘဝများရရှိစေရေးကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်ရာ ရောက်မည်ဖြစ်ပါ သည်။ မြန်မာနိုင်ငံအနေဖြင့် အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်သည်နှင့်အညီ အာဆီယံစားသုံးသူကာကွယ်ရေးမဟာဗျူဟာလုပ်ငန်းစီမံချက်(၂၀၁၆-၂၀၂၅) ကို အာဆီယံနိုင်ငံများနှင့်အတူ လိုက်ပါဆောင်ရွက်လျက်ရှိရာတွင် စားသုံးသူပြည်သူများ အတွက် ရေရှည်တည်တံ့သော စားသုံးမှုပုံစံများ ဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းသည်လည်း အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ ရေရှည်တည်တံ့သည့် ထုတ်လုပ်မှုနှင့် စားသုံးမှုပုံစံဆိုသည်မှာ အနာဂတ်မျိုးဆက်များ၏ လိုအပ်ချက်များကို ထိခိုက်မှုမရှိစေရေး အတွက် သဘာဝအရင်းအမြစ်များနှင့် အဆိပ်ဖြစ်စေသောအရာများ (toxic materials) သုံးစွဲမှုကို လျှော့ချခြင်းနှင့် ကုန်စည်နှင့်ဝန်ဆောင်မှုများအား အသုံးပြုရာမှ ဖြစ်ပေါ်လာသည့် စွန့်ပစ်ပစ္စည်းများနှင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုများကို လျှော့ချခြင်းသည် အခြေခံ လိုအပ်ချက်များနှင့် ကိုက်ညီပြီး ပိုမိုကောင်းမွန်သည့် လူနေမှုဘဝကို ဖော်ဆောင်ဖြည့်ဆည်း ခြင်းဖြစ်ကြောင်း အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ မြန်မာနိုင်ငံ၏ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့အကြား စီးပွားရေး အောင်မြင်ဖြစ်ထွန်းမှု၊ ကျန်းမာရေးကောင်းမွန်မှု၊ ဘေးအန္တရာယ်ကင်းသည့် အစားအစာ၊ ကောင်းမွန်သာယာသော သဘာဝပတ်ဝန်းကျင်ဖြစ်ပေါ်စေရေး၊ ပုဂ္ဂိုလ်ရေးနှင့် လူမှုအသိုင်း အဝိုင်းစသည်တို့အပါအဝင် နိုင်ငံရေးအရလည်း လုံခြုံစိတ်ချရမှုစသည်ဖြင့် ကဏ္ဍအားလုံးအား ထည့်သွင်းစဉ်းစား၍ အနာဂတ်တွင်နိုင်ငံသားတစ်ဦးချင်းစီ၏ စဉ်ဆက်မပြတ်ရေရှည်တည်တံ့ သည့် လူမှုဘဝဖော်ဆောင်ရေးအတွက် ဘက်ပေါင်းစုံနှင့် လိုက်လျောညီထွေဖြစ်အောင် ထည့်သွင်းစဉ်းစားသည့် ပြည်သူ့ဗဟိုပြုဖွံ့ဖြိုးမှုများအား အကောင်အထည်ဖော်ဆောင်ရွက် သွားရန်လိုအပ်မည်ဖြစ်ပါသည်။ ထိုသို့ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံသား တစ်ဦးတစ်ယောက်ချင်းစီ၏ အသိပညာဗဟုသုတနှင့် စွမ်းဆောင်ရည်ရှိမှုတို့သည် အဓိက အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ ထို့ကြောင့် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ စားသုံးသူရေးရာဦးစီးဌာနသည် စဉ်ဆက်မပြတ် ရေရှည် တည်တံ့သည့် လူနေမှုဘဝဖော်ဆောင်ရေးအတွက် ဆောင်ရွက်ရာတွင် ကမ္ဘာ့နိုင်ငံများနှင့် အာဆီယံနိုင်ငံများ၏ စားသုံးသူကာကွယ်ရေးလုပ်ငန်းများအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာအစဉ်တည်တံ့သည့် လူနေမှုဘဝပုံစံများဆီသို့ မျှမျှတတကူးပြောင်းရန် အတွက် စားသုံးသူပြည်သူများ နေ့စဉ်စားဝတ်နေရေးကိစ္စရပ်များအတွက် အသုံးပြုနေသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အကြား ကော်မရှင်နှင့်ကော်မတီ အဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသော လုပ်ငန်းစဉ်ဟု စားသုံးသူ ကာကွယ်ရေးဥပဒေပါ အဓိပ္ပာယ်ဖော်ပြချက်နှင့်အညီ ဆောင်ရွက်လျက်ရှိပါသည်။ အနာဂတ် တွင် နိုင်ငံသားတစ်ဦးချင်းစီ၏ လူနေမှုဘဝများအစဉ်တည်တံ့ဖို့ မျှတစွာဖြင့်အသွင်ကူးပြောင်း နိုင်ရေးအတွက် စားသုံးသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များပါ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတ၊ စွမ်းဆောင်ရည်နှင့် ရေရှည်တည်တံ့သည့် စားသုံးမှုပုံစံ အလေ့အထများ ကို သိရှိလိုက်နာတောင်းဆိုရယူနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် တစ်နိုင်ငံ လုံး လွှမ်းခြုံကာ အသိပညာပေးဆောင်ရွက်ခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ နစ်နာ ဆုံးရှုံးမှုများကို ကုစားဖြေရှင်းပေးရန်အတွက် သက်ဆိုင်ရာမိတ်ဖက်ဌာနဆိုင်ရာများ၊ အသင်း အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း စသည်တို့ကိုဆောင်ရွက်လျက်ရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာနသည် ရေရှည်တည်တံ့သော စားသုံးမှုပုံစံအလေ့အထအသွင် ကူးပြောင်းရေးအတွက် ရေရှည်တည်တံ့သော စားသုံးမှုနှင့်ပတ်သက်၍ တစ်ခါသုံးပလတ် စတစ်သုံးစွဲမှုလျှော့ချရန် (To reduce single-use plastics)၊ ပြန်လည်အသုံးပြုနိုင်သော ပစ္စည်းများ အသုံးပြုရန် (Reusing and Recycling)၊ ကျင့်ဝတ်နှင့်အညီထုတ်လုပ်ထားသည့် ကုန်စည်များဝယ်ယူသုံးစွဲရန် (To Use Ethical Product) (ဥပမာ-တိရစ္ဆာန်များနှင့် စမ်းသပ် ထုတ်လုပ်ထားသည့် အလှကုန်ပစ္စည်းများအား ဝယ်ယူသုံးစွဲမှုမှ ရှောင်ရှားရန်)၊ စားသောက် ကုန်လေလွင့်မှုများလျော့ချရန် (To Reduce Food-waste)၊ ပလတ်စတစ်တစ်ခါသုံးခွက် များ၊ ပန်းကန်များနှင့် ပရိဘောဂပစ္စည်းများ သုံးစွဲခြင်းမှ ရှောင်ရှားရန်၊ ပစ္စည်းများဝယ်ယူရာ တွင် ပစ္စည်းထုပ်ပိုးမှုလျှော့ချရန်၊ မလိုလားအပ်သော လျှပ်စစ်ပစ္စည်းများသုံးစွဲမှုလျှော့ချရန်၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ တိုးမြှင့်သုံးစွဲရန်၊ သယ်ယူပို့ဆောင်ရေးစနစ် ပြောင်းလဲရန်၊ ထုတ်ကုန်များ၏ သက်တမ်းအား ကြာရှည်အသုံးပြုနိုင်ရေး စီမံထားရှိခြင်း၊ ပြန်လည် အသုံးပြု နိုင်သည့် ပစ္စည်းများအား ထည့်သွင်းအသုံးပြုရန်၊ ကုန်စည်အသစ်နှင့် လဲလှယ်ခြင်း အစီအစဉ် များ (Take back Programmes) ဆောင်ရွက်ရန်၊ (ဥပမာ- Model နိမ့်ကုန်ပစ္စည်း များအား ငွေထပ်ဆောင်းအလိုက်ပေး၍ Model အသစ်ကုန်ပစ္စည်းနှင့် လဲလှယ်အသစ်ဝယ်ယူခြင်း)၊  (Good Manufacturing Practice-GMP) ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ်များ ကျင့်သုံး ရန်စသည့်အချက်များကိုအသိပညာပေးဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ အသိပညာပေးရာ တွင် ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိစေရေးအတွက် တစ်ခါသုံး ပလတ်စတစ်များသုံးစွဲမှု၏ ဆိုးကျိုး များဖြစ်သည့် ပူလောင်သောစားစရာများကို ပလတ်စတစ်အိတ်တွေနဲ့ သယ်ဆောင်ရာတွင် ပလတ်စတစ်ကနေ စိမ့်ထွက်လာသည့် ဓာတုပစ္စည်းများသည် လူ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်မှု ကြောင့် ခန္ဓာကိုယ်အဆိပ်အတောက်ဖြစ်ပြီး ကင်ဆာရောဂါ၊ မွေးရာပါကိုယ်လက် အင်္ဂါမစုံမှု၊ ကိုယ်ခံအားကျဆင်းမှု၊ ဟော်မုန်းဆိုင်ရာပျက်စီးမှုနှင့် အစာအိမ်လမ်းကြောင်း တစ်လျှောက် ပျက်စီးမှုများ ဖြစ်ပေါ်နိုင်ခြင်း၊ ပလတ်စတစ်များ ပျက်စီးဖို့ရာ နှစ်ပေါင်းများစွာ ကြာမြင့်သည့် အတွက် ပလတ်စတစ် အမှိုက်ဖြစ်သည့် ရေသန့်ဘူး၊ ပိုက်၊ ကြွပ်ကြွပ်အိတ်၊ ဖော့ဘူး၊ အချိုရည်ဘူး၊ ဘီယာဘူးခွံ စသည့်အရာများကို ရေမြောင်းများထဲသို့ လွှင့်ပစ်ခဲ့ကြပြီး မြစ်၊ ချောင်း၊ ကန်နှင့် ပင်လယ်ထဲထိ စီးဆင်းသွားကြသဖြင့် ရေအရင်းအမြစ်ထိခိုက်ခြင်း၊ တောရိုင်း တိရစ္ဆာန်၊ ငှက်များနှင့် ပင်လယ်သတ္တဝါများသည် ပလတ်စတစ်ကို အစာနှင့်မှားပြီး စားတတ် ကြသလို ၎င်းတို့၏ သားသမီးများကို မှားယွင်းစွာ အစာကျွေးမိတတ်သောကြောင့် သေကြေ ပျက်စီးရခြင်း၊ ပလတ်စတစ်အမှိုက်များ စုပုံခြင်းကြောင့် ခရီးသွားလုပ်ငန်းများ အပန်းဖြေနား နေနိုင်သည့် လှပသောနေရာများ၊ လူ့ကျန်းမာရေးနှင့် နိုင်ငံ၏စီးပွားရေးကို တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း၊ ထိခိုက်ပျက်စီးစေပါသည်။ ထိုသို့ မဖြစ်ပေါ် စေရေးအတွက် ပူနွေးသည့် အစားအသောက်ထည့်ရန်အတွက် ချိုင့်ဖြစ်စေ၊ ပန်ကန်လုံး/ခွက် ဖြစ်စေ အခြေအနေပေါ်မူတည်၍ ယူဆောင်သွားရန်၊ ကုန်မျိုးစုံဆိုင်နှင့် စတိုးဆိုင်များသို့ သွားသည့်အခါ ပြန်လည်အသုံးပြုနိုင်သည့် အိတ်၊ ခြင်းတောင်းများ ယူဆောင်သွားရန်၊ ပလတ်စတစ်အိတ်၊ ပလတ်စတစ်ခွက်၊ ပလတ်စတစ်ပန်းကန်များ အသုံးပြုမှုကို အတတ် နိုင်ဆုံး ငြင်းပယ်ရှောင်ရှားကြရန်၊ ဖန်ခွက်၊ ဖန်ပုလင်း၊စက္ကူအိတ်၊ စတီးရေဘူး၊ ချည်အိတ်၊ သိုးမွှေးအိတ်၊ ချည်ထည်၊ သိုးမွှေးထည်အစရှိသဖြင့် တတ်နိုင်သမျှ အစားထိုးပြုမူ နေထိုင် သုံးစွဲဝတ်ဆင်သွားကြရန်၊ စွန့်ပစ်ရေသန့်ဘူး၊ အချိုရည်ဘူး၊ ဘီယာဘူး၊ ဖော့ဘူး၊ ကား တာယာအဟောင်းများ အစရှိသည်များကို အသုံးပြု၍ အိမ်များ၊ ဆိုင်များ၊ ပြခန်းများတွင် အလှဆင်ထားကြသည်ကို အတုယူဆောင်ရွက်ကြရန်နှင့် အိမ်တွင်တစ်နိုင်တစ်ပိုင် ငရုတ်၊ ပူစီနံ၊ ကြက်သွန်နီ/ဖြူ၊ ပန်းပင်အစရှိသည်များကိုလည်း စွန့်ပစ်ဘူးခွံများဖြင့် အကျိုးရှိစွာ စိုက်ပျိုးမှုများရှိသည်ကိုလည်း အတုယူဆောင်ရွက်ကြရန်၊ စွန့်ပစ်တစ်ခါသုံးပစ္စည်းများဖြစ် သည့် ကော်ဖီထုပ်ခွံများကို လက်ဆွဲခြင်း၊ လက်ဆွဲအိတ်၊ ဖျာ၊ စားပွဲခင်းများနှင့် သဘာဝရှုခင်း ပုံ၊ ဥဒေါင်းပုံ၊ ခြင်္သေ့ပုံများပုံဖော်၍ ပန်းချီကားကဲ့သို့ ပြုလုပ်ရောင်းချနေသည်များကို ဝယ်ယူ အားပေး ချီးမြှောက်ကြရန်၊ တစ်ခါသုံးဖော့ဘူးနှင့် ပိုက်များအစား သဘာဝပစ္စည်းများ ဖြစ်သော အုန်းပင်၊  ကွမ်းသီးပင်၊ ထန်းပင်နှင့်ဝါးပင်ထွက်ပစ္စည်းများဖြင့် တစ်ခါသုံးခွက်၊ ပန်းကန် မျိုးစုံ၊ ပိုက်များ စသည်များကို အစားထိုးထုတ်လုပ်သည့် လုပ်ငန်းများကိုလည်း အားပေး မြှင့်တင်ဆောင်ရွက်ကြရန်၊ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းများကိုလည်း ရှောင်ရှားကြရန်  အင်တိုက်အားတိုက် အသိပညာပေးဆောင်ရွက်သွားကြဖို့ အထူးလိုအပ်မှာ ဖြစ်ပါသည်။

ဤကဲ့သို့ ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာမြေကို အန္တရာယ်ကြီးမားစွာဖြစ်ပေါ်စေသော တစ်ခါသုံးစွန့်ပစ်ပစ္စည်းများကို အကျိုးရှိစွာ အစားထိုးသုံးစွဲရန် ပြုလုပ်ခြင်းသည် ညစ်ညမ်း မည့် မြေထု၊ ရေထု၊ လေထုအတွက် ကာကွယ်ရာရောက်သဖြင့် အားပေးကူညီမြှင့်တင်ပေးရန် အထူးလိုအပ်မည်ဖြစ်ပါသည်။ စွန့်ပစ်ပစ္စည်းများကို အကျိုးမဲ့မဖြစ်စေဘဲ အကျိုးရှိစွာ ပြန်လည် အသုံးချနိုင်မှုများကို အတုယူကာ ကိုယ်တိုင်လိုက်ပါ ဆောင်ရွက်နိုင်အောင် တွန်းအားပေး ဆောင်ရွက်ရမှာဖြစ်ပြီး အနာဂတ်မျိုးဆက်သစ်များအတွက် ကောင်းမွန်သော စံနမူနာပြခဲ့သလို ဖြစ်ကာ ဩဇာပြည့်ဝကောင်းမွန်သော မြေ၊ သန့်စင်သောလေ၊ အန္တရာယ်ကင်း သန့်ရှင်းသော ရေများကို အမွေပေးခဲ့ရာရောက်မည်လည်း ဖြစ်ပေသည်။

ဆက်လက်၍ သယ်ယူပို့ဆောင်ရေးစနစ်ပြောင်းလဲရာတွင် ဓာတ်ဆီ၊ ဒီဇယ်ကားများ သည် ကားမောင်းစဉ်အတွင်း စက်သုံးဆီများလောင်ကျွမ်းသည့်အခါ လေထုကို ညစ်ညမ်းစေ သည့် ဖန်လုံအိမ်ဓာတ်ငွေ့(ခေါ်) ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထုတ်လွှတ်မှုများရှိသည့် အတွက် သဘာဝပတ်ဝန်းကျင်ကို မညစ်ညမ်းစေဘဲ အကျိုးပြုသည့် Electric Vehicle-EV (ခေါ်) လျှပ်စစ်ကားများကို အစားထိုးမောင်းနှင်သုံးစွဲကြရန်၊ သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုမရှိစေရေးအတွက် ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာများဖြစ်သော ရေနံ၊ ကျောက်မီး သွေးများကို အသုံးပြု၍ လျှပ်စစ်ထုတ်လုပ်ရာတွင် ထွက်ရှိလာသည့် ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့များသည် ဖန်လုံအိမ် အာနိသင်အကျိုးဆက်များကို ဖြစ်ပေါ်စေပြီး ကမ္ဘာကြီးပူနွေး လာသည့်အတွက်ကြောင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းကို ဖြစ်ပေါ်စေသဖြင့် နေရောင် ခြည်မှရရှိသော၊ သဘာဝမှပေးသော၊ သန့်ရှင်းသော၊ ခေတ်မီသော၊ ယုံကြည်စိတ်ချရသော၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သော ဆိုလာလျှပ်စစ်စွမ်းအင်ကိုသုံးစွဲကြရန်၊ ရေရှည်တည်တံ့ သည့် စားသုံးမှုနှင့် ထုတ်လုပ်မှုပုံစံများ ဖြစ်ပေါ်စေရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့်လည်း (Good Manufacturing Practice-GMP) ကောင်းမွန်သော ထုတ်လုပ်မှု ကျင့်စဉ်များကို ကျင့်သုံး၍ မိမိတို့၏ စက်မှု၊ လက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားဆောင်ရွက်ရမည်ဖြစ်သလို မိမိ အကျိုးအမြတ်ရရှိရေးအတွက်သာ ရှေးရှု ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုပြဿနာများမဖြစ်ပေါ်စေရေး ကိုလည်း ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ရာ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုစနစ်များကိုလည်း စနစ်တကျ ထည့်သွင်းဆောင်ရွက်ကြရန် အထူးလိုအပ်လှပါသည်။

ကမ္ဘာပေါ်ရှိ လူသားအားလုံး တစ်နည်းပြောရလျှင် စားသုံးသူများအားလုံးသည် ကမ္ဘာ့ စားသုံးသူအခွင့်အရေးများနေ့တွင် သတ်မှတ်သော “လူနေမှုဘဝအစဉ်တည်တံ့ဖို့ မျှတအသွင် ကူးပြောင်းစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ ကမ္ဘာလုံးဆိုင်ရာ စည်းလုံးညီညွတ်စွာဖြင့် လက်တွဲဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသည်လည်း တစ်ဦးတစ်ယောက်ချင်းစီမှစ၍ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်များမှတဆင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ နိုင်ငံအဆင့်မှသည် ကမ္ဘာလုံးဆိုင်ရာအဆင့်ထိ ကမ္ဘာမြေကြီးရေရှည်တည်တံ့စေရေးအတွက် စားသုံးသူများ၏ ပိုမို ကောင်းမွန်သောအကာအကွယ်နှင့် စွမ်းဆောင်နိုင်မှုတို့အပြင် ကျန်းမာသော ရွေးချယ်မှု၊ ကောင်းမွန်သော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်ကို ရရှိနိုင်စေရန် ကျွန်ုပ်တို့ လက်ရှိ မျိုးဆက်များအနေဖြင့် အဓိကတာဝန်ရှိသည်ဟုခံယူကာ ကောင်းမွန်သောသဘာဝပတ်ဝန်းကျင် တွင် နေထိုင်နိုင်ရေး ယခုကစ ကြိုးစားလျက် အနာဂတ်မျိုးဆက်များထံ အမွေအနှစ်အဖြစ် လက်ဆင့်ကမ်းပေးနိုင်ရေး မျှော်မှန်းပြီး နိုင်ငံတော်အစိုးရ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စားသုံးသူ ပြည်သူများအားလုံး အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်သွားနိုင်ရန် အထူးအလေးထား ရည်မှန်း၍ “လူမှုဘဝအစဉ်တည်တံ့ဖို့ မျှတအသွင်ကူးပြောင်းစို့” ဟူသော ဆောင်ပုဒ်အတိုင်း ပစ္စုပ္ပန်တွင်သာမက အနာဂတ်မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှု အဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ခွင့်ရရှိစေရန် မျှတမှုရှိစွာ အသွင်ကူးပြောင်း ကြပါစို့ဟု တိုက်တွန်းနှိုးဆော်ရင်း ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အား ဂုဏ်ပြုကြိုဆို၍ ရေးသားတင်ပြအပ်ပါသည်။

ဒေါ်ဝင်းလဲ့ဝါ (ပဲခူး)