Main menu

တောင်ငူမြို့  ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် စားသုံးသူအသိပညာပေး ဟောပြော

Powered by Drupal

               ပဲခူးတိုင်း‌ဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တောင်ငူမြို့နယ်တာဝန်ခံဦးမြင့်သူသည် ဇွန်လ ၇ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန သင်တန်းခန်းမ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဟောပြော ခဲ့ပါသည်။

              တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူကပြောကြားရာတွင် စားသုံးသူအခွင့်အရေးများ၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်ရေးများ၊ စားသုံးသူက ကုန်စည်နှင့်ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် လိုအပ်သော သတင်း အချက်လက်များ ပြည့်စုံမှန်ကန်စွာသိရှိခွင့် ပြေစာ(သို့မဟုတ်)အထောက်အထား ရယူခွင့်ရှိခြင်းများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်တာဝန်ခံက ယခင်က တောင်ငူမြို့တွင် ဆိုင်ကယ်အရောင်းဆိုင် တစ်ဆိုင်မှ ဆိုင်ကယ်အား အရစ်ကျဖြင့် ဝယ်ယူပြီး ငွေကြေလျှင် လိုင်စင်စာအုပ်ပေးအပ်မည်ဟု သဘောတူညီမှုအပေါ် ငွေအကြေပေးသွင်းပြီးဖြစ်သော်လည်း ဆိုင်ကယ်လိုင်စင်အားမပေးသဖြင့် ဝယ်ယူသူမှ တိုင်ကြားလာရာ စားသုံးသူရေးရာဦးစီးဌာနမှ လိုင်စင်ပြန်လည်ရရှိအောင် ဖြေရှင်းပေးခဲ့ကြောင်း၊ ယခုလိုစားသုံးသူနစ်နာဆုံးရှုံမှုများ ရှိလာပါက  စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ပြီး Consumer Information And Complaint Center (CICC) ရုံးခန်းများဖွင့်လှစ်၍ ဖြေရှင်းပေးနေကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ် သော www.doca.gov.mm သို့ ဝင်ရောက်ပြီး တိုင်ကြားနိုင်ကြောင်း၊ ၎င်း Website ထဲတွင် မိမိတို့ ဌာနမှ ဆောင်  ရွက်လျှက်ရှိသည့် စားသုံးသူကာကွယ်ရေးနှင့် ပတ်သတ်သည့် ဆောင်ရွက်ချက်များနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ချက်များအား အချိန်နှင့် တပြေးညီ လွှင့်တင်လျှက်ရှိပြီး ဝင်ရောက်လေ့လာကြည့်ရှုစေလိုပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

              ဟောပြောပွဲသို့ ကုန်းလမ်းပို့ ဆောင်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ယာဉ်မောင်းသင်တန်းတွင် တက်ရောက်သူ ၄၀ ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)