Main menu

“ ပလပ်စတစ်သုံးစွဲမှုလျော့ချရေးကော့မှူးမြို့နယ်စည်ပင်သာယာမြို့မဈေး၌ အသိပညာပေးကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း ”

Powered by Drupal

ကော့မှူးမြို့နယ်၊ မတ်  () ရက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ စည်ပင်သာယာမြို့မဈေး အတွင်း၊ အပြင်ရှိ စားသုံးသူပြည်သူများ၏ အခြေခံစားသောက်ကုန် ပစ္စည်းများဖြစ်သော အသား၊ ငါး၊ ကုန်စိမ်း၊ ကုန်ခြောက်နှင့် အခြားစားသောက်ကုန်ပစ္စည်းများ ထုပ်ပိုးရောင်းချလျက်ရှိသော အရောင်းဆိုင်များမှ ဈေးရောင်းသူများ၊ ဈေးဝယ်စားသုံးသူပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် သဘာဝပတ်ဝန်း ကျင်ထိခိုက်မှု အန္တရာယ်လျော့နည်းလာစေရန် ပလပ်စတစ် သုံးစွဲမှုလျော့ချရေး အသိပညာပေးခြင်း လုပ်ငန်းကို ပူးပေါင်းအဖွဲ့ဖြင့် မတ်လ(၆)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ခဲ့ရာတွင် ကော့မှူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင် အရာရှိ ဦးတင်ထွန်းအောင်နှင့် ဝန်ထမ်းများ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံ ဦးတင်မင်းတို့ ပူးပေါင်း၍ ကော့မှူးမြို့နယ်စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်ရှိ အခြေခံစားသောက်ကုန်ပစ္စည်းများ ဝယ်ယူဖြန့်ဖြူးရောင်းချပေးလျက်ရှိသော ဈေးရောင်းသူများ နှင့် ဈေးဝယ်စားသုံးသူပြည်သူများအား သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအန္တရာယ် လျော့နည်း လာစေရေး ပလပ်စတစ်ပစ္စည်းအမျိုးမျိုးတို့အား အလွန်အကျွံသုံးစွဲခြင်းများ မပြုလုပ်ကြရန်နှင့် ပလပ်စတစ်အစားထိုးပစ္စည်းဖြစ်သည့် ဒေသထွက် ကြာဖက်၊ ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များဖြင့်သာ ထုပ်ပိုးဖြန့်ဖြူးရောင်းချပေးခြင်း၊ ဝယ်ယူခြင်း များပြုလုပ်ကြရန်နှင့် စားသုံးသူပြည်သူများ အစားအစာများ ဝယ်ယူသုံးစွဲကြရာတွင် ဘေးအန္တရာယ် ကင်းရှင်းစေရေး တို့အတွက် သန့်ရှင်းလက်ဆက်သော အသီးအရွက်၊ သားငါးနှင့် အခြားအခြေခံ စားသောက်ကုန် ပစ္စည်းများကိုသာ ဖြန့်ဖြူးရောင်းချကြရန် ဈေးဆိုင်ခန်းများသန့်ရှင်းသပ်ရပ်စေရေး အလေးထားဆောင်ရွက်ကြရန် ပလပ်စတစ်ပစ္စည်း အမှိုက်များအား စနစ်တကျစွန့်ပစ်ကြရန် ပူးပေါင်းအဖွဲ့မှ တာဝန်ရှိသူများက အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)