
(၄-၃-၂၀၂၅)ရက်နေ့၊ (၁၀:00)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးလှစိုး (ခရိုင်ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ဆန်ရောင်းချနေသော အမှတ်(၂)ဈေး၊အရှေ့ဒဂုံ၊တဖက်ရပ်ရုံအမှတ်(၂၈-၂၉) ၌ ဖွင့်လှစ်ထားသည့် ဦးကျော်သူ ဆန်ဆိုင် သို့သွားရောက်၍ ဆန်ရောင်းချမှုအခြေအနေအား ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက် ခဲ့ကြကြောင်း သိရှိရပါသည်။
ထိုသို့ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်ရှိ ရောင်းချနေသော ဆန်များ၏ အသစ်/အဟောင်းဈေးနှုန်းများမှာ ကွာခြားချက်မများပဲ ကုန်စည်ဒိုင်မှချပြထားသော သတ်မှတ် ရည်ညွှန်းဈေးအတိုင်း ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပြီး ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားသော ဈေးနှုန်းများအတိုင်း ရောင်းချသွားရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချသည်ကို စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)