Main menu

သိသိသာသာ(ငပိမစ်) အွန်လိုင်းလုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေး

Powered by Drupal

စားသုံးသူရေးရာဦး စီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၆.၃.၂၀၂၅ ရက်နေ့ နံနက်(၁၁:၂၀)အချိန်တွင် အွန်လိုင်းမှတ်ပုံတင်လျှောက်ထားသည့် ရွှေပြည်သာမြို့နယ်၊ အမှတ် (၉/၉၃)၊ ပန်းဧကရီလမ်း၊ ဘုံရှည်ကုန်းကျေးရွာရှိ သိသိသာသာ(ငပိမစ်) စားသောက်ကုန် ပစ္စည်းများလုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် ငပိရည်ကျိုအမှုန့်လုပ်ငန်းရှင် ဒေါ်ဇင်မူအား အွန်လိုင်း မှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထားရှိသည့် အချက်အလက်များ မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုရှိ/မရှိ အခြားလိုအပ်သည့်အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိမ/ရှိတို့ကို စစ်ဆေး ခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေပါစီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

DOCA(ရန်ကုန်)