Main menu

စားအုန်းဆီလက်ကားဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

၂၇.၂.၂၀၂၅ ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အင်းစိန်မြို့နယ်အတွင်းရှိ စားအုန်းဆီလက်ကားဆိုင်များသို့ ဈေးကွက် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ခဲ့ရာတွင် စားအုန်းဆီလက်ကားကိုယ်စားလှယ်အဖြစ် ဖြန့်ဖြူးနေသော ဦး အောင်သူရ၊ ဦး ညီညီထွေးနှင့် ဦး ကြည်ဝင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ ရရှိသော ခွဲတမ်းများ အားလုံးသည် Than Tar Co.,Ltd မှ ရရှိပြီး လက်လီကိုယ်စားလှယ်များအား သတ်မှတ်ထားသော ခွဲတမ်းအတိုင်း ခွဲဝေပေးပါကြောင်း၊ သတ်မှတ်ရည်ညွှန်းဈေးအပေါ် (၂%)တင်ပြီး ပြန်လည်ဖြန့်ဝေပေး ပါကြောင်း၊ ဆီလက်ကျန်များလည်း မထားရှိပါကြောင်း၊ သက်ဆိုင်ရာဌာနဆိုင်များမှ လာရောက် စစ်ဆေးရာတွင်လည်း အစစ်ဆေးခံနိုင်ရန် ဆောင်ရွက် ထားပါကြောင်း ဈေးကွက်စစ်ဆေးချက်အရ သိရှိရပါသည်။

DOCA(ရန်ကုန်)