Main menu

“ ဒလမြို့နယ်၌ကျန်းမာရေးဆိုင်ရာအသိပညာပေးခြင်းနှင့်စားသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများပူးပေါင်းဆောင်ရွက်ခြင်း”

Powered by Drupal

ဒလမြို့နယ် ၊ မတ်  () ရက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ ကျန်းမာရေးဆိုင်ရာအသိပညာပေးခြင်း နှင့်စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးတို့အတွက် စားသောက်ဆိုင်များသို့  မတ်လ(၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဒလမြို့နယ် စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်ရှိ အသား၊ ငါးနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချ လျက်ရှိသော ဆိုင်များသို့ ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများနှင့် မြို့နယ်အမျိုးသမီးရေးရာ လူမှုရေးအဖွဲ့ အစည်းများ၊  မြို့နယ်မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံတို့ ပူးပေါင်းအဖွဲ့သည် ဒလမြို့နယ် စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်ရှိ အသား၊ ငါးနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ ဖြန့် ဖြူးရောင်းချပေးလျက်ရှိသော ဈေးဆိုင်များ၊ လက်ဖက်ရည်ဆိုင်၊ မုန့်ဟင်းခါးနှင့် အသုတ်စုံဆိုင်စသည့် စားသောက်ဆိုင်အမျိုးမျိုးတို့၌ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား မသန့်ရှင်းသောရေနှင့် အစားအသောက်များမှ တဆင့် ကူးစက်တတ်သောရောဂါများ ဖြစ်ပွားနိုင်မှုလျော့ချရေးနှင့် ကာကွယ် ရေးဆိုင်ရာအချက်များ စားသုံးသူပြည်သူများအား ဘေးဥပါဒ်အန္တရာယ် ကင်းရှင်းစေရေးဆိုင်ရာ အချက်များအား သက်ဆိုင်ရာပူးပေါင်းဌာနများမှ တာဝန်ရှိသူတို့အား အသိပညာပေးဆွေးနွေး ပြောကြားပေးခဲ့ပြီး အခြေခံစားသောက်ကုန်ပစ္စည်းများနှင့် စားသောက်ဆိုင်များ သန့်ရှင်းသပ်ရပ်စွာ ဖြန့်ဖြူး ရောင်းချနေမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)