Main menu

(Bright with Thuzar)အဝတ်အထည်နှင့်လူသုံးကုန်ပစ္စည်းများရောင်းဝယ်ရေးလုပ်ငန်း မှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှစစ်ဆေးရေးအရာရှိ ဒေါ်အေးအေးမော် နှင့်ဝန်ထမ်းများသည် (၅.၃.၂၀၂၅) ရက်နေ့ ၊ နံနက်(၀၉:၀၀)အချိန်တွင် အဝတ်အထည်နှင့် လူသုံးကုန်ပစ္စည်းများ ရောင်းဝယ်ရေးလုပ်ငန်း အမှတ်(၁၈)၊ (၁၄၇)လမ်း၊ (၅)လွှာ၊ အရိုးကုန်း ရပ်ကွက်၊ တာမွေမြို့နယ် သို့ သွားရောက်၍ Online Sale မှတ်ပုံတင်မြေပြင် စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှု ရှိ/မရှိ ကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်း နှင့်ပတ်သက်၍မြေပြင်စစ်ဆေးရမည့် အချက်(၁၈) ချက်နှင့်ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်းနှင့် အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းလုပ်ကိုင်ခြင်းကို အရေးကြီးကုန်စည် ဝန်ဆောင်မှု ဥပဒေ အဖြစ်သတ်မှတ်ထားသည့်အတွက် ယခုလုပ်ငန်းသည် လူသုံးကုန် (အဝတ်အထည်)လုပ်ငန်း ဖြစ်သည့်အတွက် စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအတိုင်း လိုက်နာဆောင်ရွက်စေလိုကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရ ပါသည်။

DOCA(ရန်ကုန်)