
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့ သည် ၂၇.၂.၂၀၂၅ ရက်နေ့ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် ရွှေပြည်သာမြို့နယ်ရှိ ဆန်ရောင်းချနေ သော ထိပ်တန်း၊ ကောင်းကောင်းဆန်ဆိုင်သို့သွားရောက်၍ ဆန်ရောင်းချမှုအခြေအနေအား ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဆန်ဆိုင်ရှိ ရောင်းချနေသော ဆန်များသည် ရက်(၉၀)၊ ဧရာဝတီပေါ်ဆန်း၊ ဆင်းသုခ၊ ဧရာပဒေသာ၊ ရွှေဘိုပေါ်ဆန်းစသည့်ဆန်များကို ဝါးတန်းကုန်စည်ဒိုင်မှ အများဆုံးဝယ်ယူရောင်းချလျက်ရှိပြီး ဆန်ဈေးနှုန်းအခြေအနေများ စစ်ဆေးခဲ့ကြောင်း၊ တာဝန်ရှိသူ များသည် ဆန်သိုလှောင်ထားရှိမှု၊ ဆန်လက်ကျန်အခြေအနေတို့အား စစ်ဆေးခဲ့ကြပြီး စားသုံးသူ ကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)