Main menu

ဆန်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့ သည် မြို့နယ်ဆန်စပါးနှင့်ဆန်ကုန်သည်များအသင်းမှ အဖွဲ့ဝင်နှင့်အတူ ၂၇.၂.၂၀၂၅ ရက်နေ့ နေ့လည် (၂:၃၀)နာရီအချိန်တွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ ဆန်ဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိအမှတ်(၅၈၄)၊ မကွေးလမ်း၊ အောင်သုခဆန်ဆိုင်၊ ရုံ(၄)အခန်း(၁/၂)၊ ပင်လုံဈေးအနီး၊ (၁၃)ရပ်ကွက် ရွှေပုစွန်ဆန်ဆိုင်နှင့် ရုံ(၆)  အခန်း(၃) ရွှေညီကိုဆန်ဆိုင်တို့တွင် ဆန်များကို ရောနှောရောင်းချခြင်းမပြုရန်၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ရန် သိုလှောင်ထားခြင်းများ မပြုလုပ်ရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချ ဖြန့်ဖြူးခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း၊ ဆန်အိတ်(၁၀၀၀)နှင့်အထက် သိုလှောင်ထား ရှိပါက သိုလှောင်ရုံမှတ်ပုံတင်ရမည်ဖြစ်ကြောင်း၊ ဖေဖေါ်ဝါရီလအတွက် ဆန်ရည်ညွှန်းဈေးများကို  အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ရန်ကုန်)