Main menu

ထားဝယ်မြို့ အောင်တံခွန်ကိုယ်ပိုင်ငါးစျေးအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

၂၀၂၅ ခုနှစ်၊ မတ်လ၊ ၆ ရက်နေ့၊ နံနက်(၀၅:၃၀)အချိန်တွင် တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး ရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကြက်စားပြင် ရပ်ရှိ အောင်တံခွန် ကိုယ်ပိုင်ငါး‌စျေးအား  မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေး အဖွဲ့တို့နှင့်အတူ စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် စျေးအတွင်းရောင်းချနေသော ငါးအမျိုးမျိုးနှင့် ပုစွန် များတွင် စာသုံးသူပြည်သူများ အန္တရာယ်ဖြစ်စေနိုင်သည့် ဖော်မလင်ဆေးရည်များ စိမ်ခြင်း/ထိုးနှံရောင်းချခြင်း ရှိ/မရှိ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ Mobile lab မော်တော်ယာဥ်ဖြင့် စစ်ဆေး ခြင်းနှင့် သန့်ရှင်းလတ်ဆတ်စွာဖြင့် ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။     

DOCA(တနင်္သာရီ)