
စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းစေရန်နှင့် ဘေးအန္တရာယ်ကင်းသောစားသောက်ကုန်များ ရွေးချယ်ဝယ်ယူစားသောက်နိုင်စေရန် အတွက် ၂၀၂၅ခုနှစ်၊ မတ်လ(၅)ရက်နေ့တွင် မြိတ်မြို့၊ ဆိပ်ငယ်ရပ်၊ ကမ်းနားလမ်းရှိ ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနတွင် ပြည့်ဆပ်ပြာဆီလုပ်ကိုင်လျက်ရှိသော လုပ်ငန်းရှင်နှင့်တွေ့ဆုံပြီး ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာပါရှိနိုင်ရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်းသတင်းရရှိပါ သည်။
အသိပညာပေး ဆွေးနွေးပြောကြားရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသားဖော်ပြချက်များနှင့်စပ်လျဉ်း၍ ဖော်ပြသင့်သောအချက်များ၊ အလေးချိန်ဂရမ်များ အား မြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ကြောင်းအစရှိသဖြင့် ရှင်းလင်းပြောကြားခဲ့ပြီး စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာရန်အချက်အလက်တို့ကို ရှင်းလင်းပြောကြားခြင်းနှင့် အသိပညာပေး လက်ကမ်း စာစောင်ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။
DOCA(တနင်္သာရီ)