Main menu

မြိတ်ခရိုင်အတွက်လိုအပ်သော ဆန်အိတ်များသယ်ယူရောက်ရှိ

Powered by Drupal

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သည် ဆန်စပါးစိုက်ပျိုးသော်လည်း ဆန်စပါးထွက်ရှိမှု မလုံလောက်ခြင်းတို့ကြောင့် မြိတ်ခရိုင်ဆန်ကုန်သည်များအသင်းမှ မြိတ်ခရိုင်အတွက်လိုအပ် သောဆန်များကို အခြားတိုင်းနှင့်ပြည်နယ်များမှ သယ်ယူလျက်ရှိပြီး ၂၀၂၅ခုနှစ်၊ မတ်လ(၄)ရက် နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျိတ်လတ်မြို့နယ်တို့မှ သယ်ယူလာသော ဆန်အိတ် ၉၀၀၀ (၄၅၀တန်)သည် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့ရောက်ရှိလာသောဆန်အိတ်များကို စားသုံးသူရေးရာဦးစီးဌာနအပါအဝင် မြိတ်ခရိုင် ကုန်သွယ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ စသော ဌာနဆိုင်ရာပူးပေါင် အဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(တနင်္သာရီ)