Main menu

ရန်ကုန်မြို့ဆီကုမ္ပဏီများမှ ရောင်းချပေးသော စားအုန်းဆီများမြိတ်သို့ ရောက်ရှိ

Powered by Drupal

စားအုန်းဆီများကို ရန်ကုန်တိုင်း‌ဒေသကြီးရှိ ဆီကုမ္ပဏီများမှ မြိတ်ခရိုင်အပါအဝင် အခြားတိုင်းနှင့်ပြည်နယ်များသို့  ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး သတ်မှတ်ရည်ညွှန်းစျေးနှင့် သတ်မှတ်ခွဲတမ်းများဖြင့် တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ခုနှစ်၊ မတ်လ(၆) ရက်နေ့တွင် GGPG ကုမ္ပဏီမှ ဖြန့်ခွဲရောင်းချပေးသော စားအုန်းဆီပေပါ(၇၀)သည် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါစားအုန်းဆီများကို ၂ ရာခိုင်နှုန်းအမြတ်ဖြင့် လက် လီ ဆိုင်များသို့ ခွဲဝေ‌ရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် ၎င်းတို့မှတဆင့်ပြည်သူများသို့ ရောင်းချပေးမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)