Main menu

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

Powered by Drupal

          ၂၀၂၅ ခုနှစ်၊ မတ်လ ၉ ရက်နေ့၊ ၉း၀၀ နာရီ အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ရတနာဦးယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ စီစဥ်မှုဖြင့် Kaung Hlyan New Asia Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါလျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၈၈)ပေပါကို ယာဥ်မောင်းဦးအောင်မျိုးဟိန်း ၊ယာဉ်အမှတ် 7J-2781/ ISUZU မော်တော်ယာဥ်နှင့် အလားတူ ၉း၃၀ နာရီအချိန်တွင် အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ဟိုင်းဝေး ကားဂိတ် ယာဥ်ရပ်နားစခန်းသို့ Myanmar Oil Alliance Co,Ltd မှ စားအုန်းဆီ ၁ ပေပါလျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၉၀)ပေပါကို ယာဥ်မောင်း ဦးမျိုးမင်းကျော်၊ ယာဉ်အမှတ် 7K-6531/ HINO မော်တော်ယာဥ်တို့ဖြင့်တင်ဆောင်၍ အသီးသီးရောက်ရှိလာရာ စားသုံးသူရေးရာဦးစီးဌာန၊တိုင်းဒေသ ကြီးဦးစီးမှူး ဦးစိုးဦးနှင့်တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်း၊ အဆိုပါ စားအုန်းဆီ စုစုပေါင်း (၁၇၈) ပေပါအား ကုမ္ပဏီ၏လက်ကားအ​ရောင်းကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့၊ အနောက်ရပ်၊ ဦးကျော်ရင်လမ်းရှိ ဦးစန်းအောင်၏ အောင်ပွဲရုံ ကုန်စုံဆိုင် အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်မှတစ်ဆင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည်ဖြစ် ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)