ပဲခူးတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများရရှိမည့် အခွင့်အရေးများ အပြည့်အဝရရှိနိုင်စေရေးအတွက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာ ဗဟုသုတများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် ရည်ရွယ်၍ ပြည်ခရိုင်၊ ပြည်မြို့နယ်အတွင်း ဇွန်လ (၉)ရက်၊ မွန်းလွဲ (၁:၀၀)နာရီ၌ ကြခတ်အုပ်စု၊ ကြခတ်ရွာ၌လည်းကောင်း၊ မွန်းလွဲ (၂:၀၀)နာရီ၌ ကြခတ်အုပ်စု၊ ပေါင်းဇူးရွာ၌လည်းကောင်း၊ ပြည်မြို့နယ်တာဝန်ခံမှ မြို့နယ်အတွင်း သက်ဆိုင်ရာဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ စားသုံးသူအသိပညာပေး ဟောပြောဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဉပဒေပါ စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖေါ်ပြခြင်းဆိုင်ရာ အချက်များ၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့် ပုဂ္ဂိုလ်များနှင့် နည်းလမ်းများ၊ တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်နှင့်လိပ်စာ၊ ဉပဒေအရချမှတ်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များစသည့် အကြောင်းအရာတို့အား အသိပညာပေးပြောကြားခဲ့ပါသည်။ ဟောပြောပွဲသို့ ကျေးရွာနေတောင်သူ (၁၃၀)ဦး တက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)