Main menu

ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ရှိ မြို့ပေါ်ဆေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်မှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ဇွန်လ (၇)ရက်၊ နံနက် (၈)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာ၊ တိမွေးကု၊ တိုင်းရင်းဆေးစသည့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ပန်းတောင်းမြို့ပေါ်ဆေးဆိုင်များတွင် Online ပေါ်၌ ရောင်းချနေသော တိုင်းရင်းဆေးခေါ် (ရသေ့ဆေး)အား ရောင်းချမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် ပန်းတောင်းမြို့ပေါ်ဆေးဆိုင်များတွင် ရောင်းချမှုမရှိကြောင်း စိစစ်တွေ့ရှိရသည့်အတွက် မြို့နယ်တာဝန်ခံမှ ထိုထိုင်းတိုင်းရင်းဆေး၊ ရသေ့ဆေးသည် ထိုင်းနိုင်ငံ၏  FDA က ဘေးအန္တရာယ်ရှိသည့် ဆေးအဖြစ် ထုတ်ပြန်ထားပြီး မြန်မာနိုင်ငံ၌လည်း တရားဝင် ဆေးဝါး မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဖြစ်ကြောင်း၊ Online ပေါ်တွင်လည်း အကိုက်အခဲ ရောဂါမျိုးစုံ ပျောက်သည့်ဆေးအဖြစ် ကြော်ငြာရောင်းချနေကြောင်း၊ အဆိုပါ ဆေးအား ဝယ်ယူသုံးစွဲရောင်းချပါက ဘေးအန္တရာယ် ဖြစ်စေနိုင်သည့်အတွက် စားသုံးသူ ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းမှုရှိစေရေး ရည်ရွယ်၍ လာရောက်စစ်ဆေးရခြင်းဖြစ်ကြောင်း အသိပညာပေး ပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)