Main menu

မြင်းခြံမြို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    ၂၀၂၅ ခုနှစ် ဖေ‌ဖော်ဝါရီလ (၂၄)ရက်နေ့ ၊ နေ့လည် (၁၄:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန မြင်းခြံခရိုင် ဦးစီးမှူး ဦးသန်းစိုး(လက်ထောက်ညွှန်ကြားရေးမှူး) ဦးဆောင်၍ မြင်းခြံမြို့ အမှတ်(၁၉) ရပ်ကွက်အတွင်းရှိ ထူး ကြက်သွန်ပေါင်းကြော် အမှတ်တံဆိပ် ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြ ပါရှိရေးတို့နှင့် ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ  စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊နိုင်ငံတော်မှ သက်သာဈေးနှုန်းဖြင့်ချထားပေးသော စားအုန်းဆီများ အမှန် တကယ်အသုံးပြုရေး၊‌ဈေးကွက်အတွင်း မိမိတို့ထုတ်ကုန်များ စားသုံးသူများဘေးအန္တရာယ် ကင်းရှင်း စေခြင်း၊  အာမခံချက်ပေးခြင်း၊သတင်းအချက်အလက်ပြည့်စုံစွာထည့်သွင်းခြင်းတို့ကြောင့် စားသုံးသူ များအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအပေါ် ယုံကြည်မှုရရှိလာပြီး အကျိုးစီးပွားများ ပိုမိုရရှိလာ နိုင်မည်ဖြစ်ကြောင်း၊  ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိရေးဆောင်ရွက်ရန်၊ ထုတ်လုပ်သော ကုန်ပစ္စည်းများ သန့်ရှင်းသပ်ရပ်စွာ အသုံးပြုရေးဆောင်ရွက်ရန် သက်ဆိုင်ရာဌာနများ၏ ပြဌာန်း ချက်များကိုလည်း လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း အသိပညာပေး၍ ကွင်းဆင်းဆောင် ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)