
စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများအဖွဲ့သည် ၂၅-၂-၂၀၂၅ရက်နေ့၊ မွန်းလွဲ(၁၄:၃၀)နာရီအချိန်၌ မြင်းခြံမြို့၊အမှတ် (၁၆)ရပ်ကွက်ရှိ မုန့်လုပ်ငန်းများသို့ သွားရောက်၍ စားသုံးသူ၏အခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ မြန်မာ ဘာသာဖြင့်ထည့်သွင်း ဖော်ပြရမည့်အချက်အလက်များအား သိရှိစေရန်တွေ့ဆုံဆွေးနွေး အသိ ပညာပေးခဲ့ကြောင်း သိရှိရသည်။
မုန့်လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၏ အခန်း(၁၈)တွင် ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားတွင်ပါဝင်သော ကုန်စည်၏ တံဆိပ်အမှတ်အသား၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့် ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ တင်သွင်းသူ၏ အမည်နှင့်လိပ်စာ၊ လုပ်ငန်းအမည်နှင့်လိပ်စာ၊ ထုတ်လုပ်သည့်နေရာ၊ ပြန်လည်ထုပ်ပိုးသည့်နေရာ၊ ပါဝင်ပစ္စည်း၊ ဘေးထွက်ဆိုးကျိုး၊ ဓါတ်မ တည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက်၊ အစိုးရဌာနများက သတ်မှတ်ထားသော အချက် အလက်များ၊ ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်ညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာ ဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ နှင့်အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက် ဖြစ်စေ ရေးသားဖော်ပြရမည့်အချက်များအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါကြောင်း၊ လုပ်ငန်း ရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်သော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန် စွာဖော်ပြနိုင်ရန် ကုန်အမှတ်တံဆိပ်ဖော်ပြမှု နှင့်ပတ်သက်၍ မိမိတို့စားသုံးသူရေးရာဦးစီးဌာန သို့လာရောက်၍ စိစစ်ခွင့်ပြုချက်လျှောက်ထားရမည်ဖြစ်ကြောင်း၊ အခြားဌာနများ၏ ခွင့်ပြုချက် လိုင်စင်များ ပြုလုပ်နိုင်ရန်အတွက်လည်း သက်ဆိုင်ရာဌာန များနှင့်ချိတ်ဆက်၍ ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
DOCA(မန္တလေး)