Main menu

မင်းလှမြို့ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

                ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင် ၊ မင်းလှမြို့နယ်တွင် (၈.၆.၂၀၂၂) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မင်းလှမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် စည်ပင်သာယာမြို့မဈေးအတွင်းရှိ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

              ထိုသို့  စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် တောင်သူများ အသုံးများသည့် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး အမှတ်တံဆိပ်များတွင် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း (၁၈)ပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိနှင့် စိုက်ပျိုးရေး သွင်းအားစုဖြစ်သည့် ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများ စျေးနှုန်းစျေးကွက် အခြေအနေများအား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအား ရှင်းလင်းဆွေးနွေးပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)