Main menu

တနင်္သာရီတိုင်းဒေသကြီးတွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ကျင်းပပြုလုပ်

Powered by Drupal

             ၂၀၂၅ ခုနှစ်၊ မတ်လ(၁၀)ရက်နေ့၊ နံနက်(၀၉း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသ ကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမတွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် ၂၀၂၅ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ကျ‌ရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့် အရေးများနေ့ ( World Consumer Rights Day) အခမ်းအနားအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၅ ခုနှစ်အတွက် အတည် ပြုသတ်မှတ်ထားသည့် ဆောင်ပုဒ်ဖြစ်သော “လူနေမှုဘဝအစဥ်တည်တံ့ ဖို့ မျှတအသွင်ကူးပြောင်းစို့” (A Just Transition to Sustainable Lifestyles) ကျင်းပပြုလုပ်ခဲ့ပါသည်။

             အခမ်းအနားကျင်းပပြုလုပ်ရာတွင် အခမ်းအနားအား နံနက်(၀၉း၀၀)အချိန်တွင် စတင် ဖွင့်လှစ်ခဲ့ပြီး၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်မှ အဖွင့်မိန့်ခွန်းပြောကြားခြင်း၊ ကမ္ဘာ့ စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် Video Clip များပြခြင်းများနှင့် တနင်္သာရီတိုင်းဒေ သကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များ အသင်းအဖွဲ့များ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခြင်းများဆောင်ရွက်ခဲ့ပါသည်။

             အဆိုပါအခမ်းအနားအား တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတွင်းရေးမှူးအပါ(၁၀)ဦး၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ (၂၀)ဦး၊ တိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် ညီနောင် အသင်းများမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာနဝန်ထမ်းများ၊ အခြားဖိတ်ကြားထား သော ဧည့်သည်တော်များ(၈၃)ဦး၊ စုစုပေါင်း(၁၁၃)ဦး တက်ရောက်ခဲ့ပြီး အခမ်းအနားအား နံနက် (၁၀း၀၀)နာရီအချိန်တွင် အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)