
၆.၃.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မုဒုံမြို့နယ်၏ စားအုန်းဆီလက်ကား ကုမ္ပဏီများဖြစ်သော Lwin Maung Maung Co,Ltd ၏ တာဝန်ခံနှင့် စားအုန်းဆီလက်လီ ရောင်းချသူများအား မြို့နယ်တာဝန်ခံရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့ တွေ့ဆုံရာတွင် မုဒုံမြို့နယ်ရှိ စားအုန်းဆီဖြန့်ဖြူးရောင်းချနေမှု အခြေအနေများ၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချမှုရှိစေရေး၊ ခွဲဝေရရှိ သည့် အရေအတွက်များအတိုင်း ပြည့်မီစွာ ရောင်းချပေးရေးနှင့် အလေးချိန်မှန်ကန်စွာ ရောင်းချမှုရှိစေရေးတို့အား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)