Main menu

ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး

Powered by Drupal

             ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ မြို့နယ်တာဝန်ခံရုံး၌ ၈.၆.၂၀၂၂ ရက်နေ့ တွင် စားသုံးဆီထုတ်လုပ်ဖြန့်ဖြူးသူ လုပ်ငန်းရှင်တစ်ဦးမှ ၎င်းတို့၏ ထုတ်ကုန်များတွင် ဖော်ပြထားသည့် အမှတ်တံဆိပ်များနှင့် စပ်လျဉ်းပြီး သိရှိလိုသည့် အချက်အလက်များနှင့် ကုန်အမှတ်တံဆိပ်တွင် ဖော်ပြပါရှိရန် လိုအပ်သော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/မရှိ စိစစ်ပေးနိုင်ပါရန် လာရောက်တွေ့ဆုံ မေးမြန်းသည့်အတွက် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

                ဒေသခံစားသုံးဆီ ထုတ်လုပ်ဖြန့်ဖြူးနေသော လုပ်ငန်းရှင်၏ ကုန်အမှတ်တံဆိပ်တွင် ပဲဆီ၊ နှမ်းဆီ စစ်စစ် ၁၀၀% အာမခံဟု ဖော်ပြထားပြီး အလေးချိန်( ပိဿာ/ ကျပ်သား )အား ဖော်ပြ ထားခြင်းမရှိခြင်းကြောင့်  စီးပွားရေးလုပ်ငန်းရှင်အား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ အရ စားသုံးသူများ ထင်ယောင်ထင်မှားမဖြစ်စေရေးနှင့် အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှုရရှိစေရေးတို့အတွက် ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်ပစ္စည်း၏ အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ပြီး ကုန်စည်၏ အသားတင်ပမာဏ (ပိဿာ/ကျပ်သား)တို့အား မြန်မာဘာသာဖြင့် မြန်မာ့အလေးချိန်ယူနစ်တို့ကို ဖော်ပြပေးရမည်ဖြစ်ကြောင်း  ၊ သက်ဆိုင်ရာ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် စျေးကွက်အတွင်းဖြန့်ဖြူးရောင်းချသည့် မိမိတို့၏ထုတ်ကုန်များနှင့် စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များကို လုပ်ငန်းရှင်အား  လိုက်နာဆောင်ရွက်ရန် အသိပညာပေး ပြောကြားဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)