Main menu

“ ကွမ်းခြံကုန်းမြို့နယ်ပြန်/ဆက်ရုံး၌မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့အသိပညာပေး ဟောပြောပွဲကျင်းပခြင်း”

Powered by Drupal

ကွမ်းခြံကုန်းမြို့နယ်၊ မတ်  (၁၀) ရက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုပြုအခန်းမ၌ မတ်လ(၇)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ အသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူအသိပညာပေး ဟောပြောခြင်းများ ပြုလုပ်ခဲ့ပါသည်။

မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ အသိပညာပေး ဟောပြောပွဲတွင် ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းဆွေနွယ်ဦးမှ မြန်မာ့သနပ်ခါး ကို မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်အဖြစ် ထင်ရှားစေရန် မြန်မာ့ယဉ်ကျေးမှုကို ယူနက်စကို၏ ကမာ္ဘဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် ဖြစ်စေရေး အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိ  ကြောင်း၊ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှ တိုင်းရင်းဆေးဒု ဒေါ်အေးမြတ်စိုးမှ သနပ်ခါး၏ ဆေးဖက်ဝင် ပုံအကြောင်းအရာများနှင့်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ် အေးက သနပ်ခါးကို အချိန်ကုန်သက်သာစေရန်၊ တာရှည်သုံးစွဲနိုင်ရန်၊ အမှုန့်ဖြစ်လည်းကောင်း၊ အခဲ အဖြစ်လည်းကောင်း ထုပ်ပိုးရာတွင် အလှကုန်ပစ္စည်းအမျိုးမျိုးတွင် ပါရှိရမည့် ကုန်အညွှန်း အမှတ် သားများအကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိမှ စားသုံးသူများ ဘေးအန္တရာယ် ကင်း စိတ်ချလုံခြုံမည်ဖြစ်ကြောင်း အသိပညာပေး ဟောပြောခဲ့သည်။ ထို့ပြင် စားသုံးသူများ နစ်နာမှု ရှိလာပါက Consumer Call Center Hotline ဖုန်းနံပါတ် ၁၅၃၅ လိုင်းခွဲ ၁,၂,၃ များသို့ တိုင်ကြားနိုင် ကြောင်း အသိပညာပေး ဟောပြောခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်တိုင်းရင်းဆေး ဦးစီးဌာန၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြပြီး ပြန်/ဆက် ဦးစီးဌာနသို့ စာအုပ်လာ ရောက်ဌားရမ်းသည့် ကလေးငယ်များအား သနပ်ခါးလိမ်းခြယ်မှု လက်တွေ့အရုပ်ပြ လိမ်းခြယ်ခဲ့ပြီး တင်ရောင်းသူဦးရေ (၃၀)ဦးရှိကြောင်း သိရသည်။

DOCA(ရန်ကုန်)