Main menu

မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ အဲဗား၊ မိဘမေတ္တာ၊ Pro One စသည့် အိမ်ဆောက်ပစ္စည်းရောင်းချသည့်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

 ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးသည် စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများအပြင် ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ပုဂ္ဂလိကအခန်း ကဏ္ဍဖွံ့ဖြိုးတိုး တက်အောင်အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိပြီး ကုန်သွယ်မှုလုပ်ငန်း လုပ်ငန်းများ လျင်မြန်ချော မွေ့စေရေးအတွက်သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါ သည်။

     ၁၀.၃.၂၀၂၅ ရက်နေ့တွင် မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ အဲဗား၊ မိဘမေတ္တာ၊ Pro One  စသည့် အိမ်ဆောက်ပစ္စည်းရောင်းချသည့်ဆိုင်များသို့ သွားရောက်၍ ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ဘိလပ်မြေဝယ်ယူရရှိမှုအခြေအနေနှင့် ဈေးနှုန်း ဈေးကွက်အခြေအနေတို့အား မေးမြန်းခဲ့ပြီး ဈေးနှုန်းမြှင့်တင်ရန်ရည်ရွယ်၍ သိုလှောင်ထားခြင်း မပြုလုပ်ရန်၊ စိစစ်တွေ့ရှိပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း  လုပ်ငန်းရှင်များအား အသိပေးပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)

a