Main menu

သင်္ဃန်းကျွန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ စားသုံးဆီဖြန့်ဖြူးသည့် ကုမ္ပဏီများနှင့်တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

          ၁၀.၃.၂၀၂၅ ရက်နေ့၊ ၁၅:၀၀ နာရီအချိန်မှ ၁၇:၀၀ နာရီအချိန်အထိ သင်္ဃန်းကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ နှင့် အဖွဲ့ဝင်များ၊ မြိုနယ်စည်ပင်နှင့် စျေး ၆ စျေးမှ တာဝန်ခံများ၊ စားသုံးဆီဖြန့်ဖြူးသည့် ကုမ္ပဏီ ၅ ခုမှ တာဝန်ခံများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လက်လီ/ လက်ကားကိုယ်စားလှယ်များဖြင့် အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါအစည်းဝေးတွင် စားသုံးဆီဖြန့်ဝေရောင်းချမှုနှင့် ပတ်သက်၍ မြို့နယ်အတွင်းရှိ အိမ် ထောင်စုအလိုက် စာအုပ်ဖြင့် စားသုံးဆီရောင်းချပေးသည့် စနစ်ဖြင့်ဆောင်ရွက်ရာတွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ကုမ္ပဏီတာဝန်ရှိသူများပူးပေါင်းကာ အိမ်ထောင်စုတစ်စုချင်းစီ အလိုက် စား သုံးဆီ အမှန်တကယ်ရောင်းချပေးရာတွင် အခက်အခဲရှိ/မရှိတို့ကိုဆွေးနွေးခြင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ မိမိတို့ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုစာရင်း၊ ဧည့်စာရင်း မိတ္တူများရရှိရေး အမြန်ဆုံး ဆောင်ရွက်၍ မြို့နယ်ရုံးသို့ တင်ပြရန်နှင့် စားသုံးဆီဖြန့်ခွဲမှုနှင့် ပတ်သက်သည့် အစီအမံများအား ချပြရှင်းလင်း      ဆွေးနွေးခဲ့ပါကြောင်းနှင့် အစည်းအဝေး တက်ရောက်လာသူများ၏ တင်ပြဆွေးနွေးမှုများအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေး ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)