Main menu

သာကေတမြို့နယ်၊ အမှတ်(2) ဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးနေလင်း (ဒု- ကြီးကြပ်ရေး မှူး)နှင့် ဝန်ထမ်းများသည် ဈေးစည်ပင်သာယာနှင့်ပူးပေါင်း၍ ၈.၃.၂၀၂၅ ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန် တွင် သာကေတမြို့နယ်၊ အမှတ်(2) ဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီ များအား ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုန်စုံဆိုင်များ အနေဖြင့် စားသုံးသူပြည်သူများအတွက် ဘေးအန္တာရယ်ကင်းရှင်းသော စားသောက်ကုန်များ ကိုသာ ဖြန့်ဖြူးရောင်းချရန် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ “ကုန်အညွှန်း အမှတ်အသားဖော်ပြ ခြင်း”နှင့် ပတ်သက်၍ ပုဒ်မ (၄၃)အရ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာ ဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခု ထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားသော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူရောင်းချ ရန်နှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို သိရှိလိုက်နာ ဆောင်ရွက်စေရန် အသိပညာပေးဆွေး နွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရန်ကုန်)