
ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှု အရ အကောက်ခွန်ဦးစီးဌာနမှဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ၈-၃-၂၀၂၅ ရက်နေ့ နေ့လယ် (၁၃:00) တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းရဲတပ်ဖွဲ့၊ မူးယစ်ရဲတပ်ဖွဲ့၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ အမှတ်(၃) ရေကြောင်းရဲ စသည့် ပူးပေါင်းအဖွဲ့များနှင့်အတူ သွားရောက် ၍ ကမ်းရိုးတန်းသွားရေယာဉ်များ ဆိုက်ကပ်သည့် မုတ္တမဆိပ်ကမ်းရှိ ဇွဲမြင့်မြတ်ထွန်း ရေယာဉ်အား တင်ဆောင်ထားသော ကုန်စည်များ ကို ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ရာ ကုန်ပစ္စည်းမျိုးစုံကို စစ်ဆေးတွေ့ရှိခဲ့ပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များရယူ၍ တရားဝင်သယ်ဆောင် လာခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိသဖြင့် လက်နက်ခဲယမ်းများ တင်ဆောင်မှုမရှိစေရေးအတွက် သက်ဆိုင်ရာဌာနများမှ အသိပေးပြောကြားခဲ့ ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)