Main menu

၂၀၂၅ ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အခမ်းအနားအား ရန်ကုန်တိုင်း ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနက စည်ကားခမ်းနားစွာကျင်းပ

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးက ၂၀၂၅ ခုနှစ် ကမ္ဘာ့ စားသုံးသူအခွင့်အရေးများနေ့အခမ်းအနားအား မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၏ မင်္ဂလာခန်းမတွင် မတ်လ ၁၀ ရက်နေ့ နံနက် ၉ နာရီ အချိန် တွင် စည်ကားခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်ကျော်လွင်နှင့်တကွ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း ၄၀၀ ဦး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားကို အစီအစဉ်နှစ်ရပ်ဖြင့်ကျင်းပပြုလုပ်ခဲ့ပြီး ပထမပိုင်း အခမ်းအနားစတင်ချိန်တွင်  ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ နှင့်ပတ်သတ်သည့် Video clip အားဖွင့်လှစ်ပြသခဲ့ပါသည်။ ထို့နောက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဌ ဒေါက်တာမျိုးသက်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး စားသုံး သူရေးရာဦးစီးဌာနမှ ဝန်ထမ်းသမီးပျိုများက ကပြဖျော်ဖြေတင်ဆက်ခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက ဂုဏ်ပြုဆုငွေချီးမြှင့်ခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းကို ၂၀၂၅ ခုနှစ် ကမ္ဘာ့စားသုံးသူ အခွင့် အရေးများနေ့ အထိမ်းအမှတ် ကျောက်စီပန်းချီကားအား ဂါရဝပြုပေးအပ်ခဲ့ပြီး ဧည့်သည်တော်ကြီးများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။ ထို့နောက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် အဖွဲ့ဝင်ဝန်ကြီးများက ပြခန်းများအား လှည့်လည်ကြည့်ရှုပြီး အခမ်းအနားတက်ရောက်လာကြသူများအား လန်းဆန်းစာဖြင့် တည့်ခင်းဧည့်ခံခဲ့ကာ ပထမပိုင်းအခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။ ဒုတိယပိုင်း အခမ်းအနားစတင်ချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့စတင်ပေါ်ပေါက်လာခဲ့သည့်အခြေအနေများ၊အခမ်းအနားကျင်းပရခြင်းရည်ရွယ်ချက်နှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အတွင်း လုပ်ငန်းဆောင်ရွက်နိုင်မှု အခြေအနေများအား ဆွေးနွေးတင်ပြခဲ့ပါသည်။ ထို့နောက် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန(ရန်ကုန်)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာစုစုပိုင်က အစား အသောက်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာသိကောင်းများခေါင်းစဉ်၊ အစာအာဟာရ ဆိုင်ရာသိပ္ပံနှင့်နည်းပညာအသင်းမှ ဘဏ္ဍာရေးမှူး ဒေါက်တာရီရီမြင့်က စားသုံးသူများ အတွက် ဓာတုဆိုးဆေးများအသုံးဝင်ပုံနှင့် အန္တရာယ်များခေါင်းစဉ်တို့ဖြင့် ဟောပြောဆွေးနွေး ခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ပြောကြားခဲ့သည့် အဖွင့်မိန့်ခွန်းများအပါအဝင် ဟောပြောဆွေးနွေးခဲ့သည့် အကြောင်းအရာများထဲမှ ဉာဏ်စမ်းပ‌ဟေဠိပြိုင်ပွဲကျင်းပခဲ့ပြီး ဆုလက်ဆောင်များချီးမြှင့် ခဲ့ပါသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဧည့်သည်တော် များအား နေ့လယ်စာဖြင့် တည့်ခင်းဧည့်ခံကာ ဒုတိယပိုင်းအခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

DOCA(ရန်ကုန်)