
(၁၁-၃-၂၀၂၅) ရက်နေ့ ၊ (၁၃:00)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း (ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည် မြို့နယ် ထွေ/အုပ်၊ မြို့နယ်စည်ပင်၊ အထူးစုံစမ်းစစ်ဆေးရေးဌာနတို့နှင့် ပူးပေါင်း၍ သာကေတမြို့နယ် နှင့်ဒေါပုံမြို့နယ်အတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များသို့ သွားရောက်၍ စားအုန်းဆီရောင်းချမှု အခြေအနေအား ကွင်းဆင်းစစ်ဆေးကြပ်မတ်မှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကွင်းဆင်းစစ်ဆေးရာ ရည်ညွှန်းဈေးအပေါ် အမြတ် ၂ % သယ်ယူခ ၊ လုပ်သားခများ ထည့်သွင်း၍ သင့်တင့်သောဈေးနှုန်းနှင့် အရေအတွက်မှန်၊ အလေးချိန်မှန်၊ ဈေးနှုန်းမှန်ဖြင့် ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပြီး ရောင်းချရာတွင်လည်း အိမ်ထောင်စု (၁)စုလျှင် (၅၀) ကျပ်သားကို စာအုပ်စနစ်ဖြင့် ရောင်းချပေးကြောင်း ကွင်းဆင်း စိစစ်သည့်အရောင်းဆိုင်များ၊ ဈေးများလက်လီ/လက်ကား ကိုယ်စားလှယ်များထံမှ စိစစ်မေးမြန်း သိရှိရပြီး ဈေးနှုန်းမြှင့် တင်ရောင်းချသည်ကို စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)