Main menu

ရောနှောဆန်များရောင်းချခြင်းရှိ/မရှိကို အဖွဲ့စုံဖြင့်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဆန်ကုန်သည်များ အသင်း၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် (၁၁.၃.၂၀၂၅) ရက်နေ့တွင် မြောက်ဥက္ကလာပမြို့နယ်၊ ရပ်ကွက်နှင့်ဈေးများရှိ ဆန်အရောင်း ဆိုင်အချို့အားစိစစ်ခဲ့ရာ ဆန်ရောင်းချသည့် အမျိုးအစားများတွင် ရွှေဘို ပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း၊ ဧည့်မထစသည့် ဆန်အမျိုးအစားများကိုသာ ရောင်းချလျက်ရှိပြီး အဆိုပါ ဆန်အမျိုးအစားများ သည် ရန်ကုန်တိုင်းဒေသကြီးမြို့နယ်များရှိ ဆန်စက်များ၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းဒေသကြီးများရှိ ဆန်စက်များမှကြိတ်ခွဲထွက်ရှိသော ဆန်များကို ရန်ကုန်မြို့၊ ဝါးတန်းကုန်စည်ဒိုင်/ ဘုရင့်နောင် ကုန်စည်ဒိုင်တို့မှတစ်ဆင့် ပြန်လည်ဖြန့်ဖြူးရောင်းချခြင်း ဖြစ်ကြောင်း၊ တံဆိပ်အမှတ်အသားများ ဖြင့် ပြန်လည်ထုပ်ပိုးရောင်းချခြင်းဖြစ်ကြောင်းနှင့် ဆန် အမျိုးအစားများကို ရောနှောရောင်းချခြင်းမျိုးမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရ ပါသည်။

စစ်ဆေးတွေ့ရှိချက်များအရ ဈေးကွက်အတွင်း ဆန်ဈေးနှုန်းများအား လစဉ်မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းနှင့်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် သတ်မှတ်ရည်ညွှန်းစျေးများအတိုင်း ရောင်းချလျှက်ရှိသည့်အတွက် မြန်မာနိုင်ငံဆန် စပါးအသင်းနှင့် သက်ဆိုင်ရာဌာနများမှလည်း ဆန်စျေးနှုန်းတည်ငြိမ်ရေး ဝိုင်းဝန်းကြပ်မတ်  စစ်ဆေးဆောင်ရွက်လျှက်ရှိရာ ဈေးကွက်အတွင်း ဈေးနှုန်းအဆမတန်မြှင့်တက်ခြင်း၊ ဆန်ပြတ်လပ်မှုမရှိ ပုံမှန်ဈေးကွက်အတွင်း၌သာ အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိကြောင်း သိရပါသည်။

DOCA(ရန်ကုန်)