Main menu

ကမ်းရိုးတန်းသွား MV Royal Princess ရေယာဉ်အား ပူးပေါင်းအဖွဲ့ဖြင့်ကွင်းဆင်း စစ်ဆေးခြင်း

Powered by Drupal

            ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ လမ်းညွှန်မှု အရ အကောက်ခွန်ဦးစီးဌာနမှ ဦးဆောင်သော ပူးပေါင်းအဖွဲ့သည်  10-၃-၂၀၂၅ ရက်နေ့၊ နေ့လယ် (၁2:00)တွင် စိုက်ပျိုးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းရဲတပ်ဖွဲ့၊ မူးယစ် ရဲတပ်ဖွဲ့၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ၊ အမှတ်(၃) ရေကြောင်းရဲ စသည့် ပူးပေါင်းအဖွဲ့များနှင့် အတူ ရွှေမဲဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် MV Royal Princess    ရေယာဉ်ပေါ်သို့ တင်ဆောင်မည့် ပြောင်းဆံ များကို သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ရယူထားခြင်းရှိ/ မရှိ စစ်ဆေးခဲ့ပြီး အဆိုပါ ပြောင်းဆံများကို ရန်ကုန် - ကော့သောင်း-ရနောင်း မှတဆင့် ထိုင်းနိုင်ငံသို့ သယ်ယူပို့ဆောင်မှာ ဖြစ်ကြောင်းသိရှိရပြီး လက်နက်ခဲယမ်းများ တင်ဆောင်မှု မရှိစေရေးအတွက် သက်ဆိုင်ရာဌာန များမှ အသိပေးပြောကြားခဲ့ပြီး သိရှိရပါသည်။

DOCA(ရန်ကုန်)