Main menu

ပန်းတနော်မြို့ရှိဓါတ်မြေဩဇာနှင့် စိုက်ပျိုးရေးဆေးဆိုင်များအား ဌာနဆိုင်ရာများ ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်  ကွင်းဆင်းစစ်ဆေး

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ် တာဝန်ခံ ဒေါ်သင်းသင်းစိုးသည် ၂၀၂၂ခုနှစ် ဇွန်လ ၁၁ရက်နေ့ နံနက် (၁၀:၃၀)အချိန်တွင် ပန်းတနော်မြို့ပေါ်ရှိ ဓါတ်မြေဩဇာနှင့် စိုက်ပျိုးရေး ဆေးဆိုင်များအား မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပြည်တွင်းအခွန်ဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့ တို့နှင့်အတူ ပူးပေါင်း၍ ဈေးကွက်အတွင်းရောင်းချနေသော စိုက်ပျိုးရေးသုံးဆေးပစ္စည်းများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ် တာဝန်ခံက ကုန်ပစ္စည်းရောင်းချနေသော ဆိုင်များအား မှတ်ပုံတင်ထားသော ကုန်စည်များကိုသာ ရောင်းချ ကြရန်၊ ဌာနဆိုင်ရာများ၏ ထောက်ခံချက်ပါဝင်သော ကုန်စည်များကို ရောင်းချကြရန် ကုန်ပစ္စည်းအရောင်း ဆိုင်ပိုင် ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေများအကြောင်း၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားပါဝင်သော ကုန်စည်မျိုးကိုသာ ဦးစားပေးရောင်းချရန်နှင့်၊ အာမခံချက်မရှိသော ကုန်စည်များ ကို ဈေးကွက်အတွင်းရောင်း ချမှု တွေ့ရှိပါက တည်ဆဲဥပဒေများအရအရေးယူဆောင်ရွက်နိုင်သောကြောင့် တရားဝင်ဌာနဆိုင်ရာ များ၏ ထောက်ခံချက် ပါသော တရားဝင်ကုန်စည်များကိုသာရောင်းချရန် ပညာပေးစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)