Main menu

ကန့်ဘလူမြို့နယ်၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက်

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ၂၀၂၅ ခုနှစ်၊ မတ်လ ၁၀ ရက် မွန်းလွဲ(၁၄:၀၀)နာရီအချိန်တွင် ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ခရိုင်ပြန်/ဆက်ဦးစီးဌာနနှင့် စားသုံးသူရေး ရာဦးစီးဌာနတို့ပူးပေါင်း၍ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းက “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” အခမ်း အနားကို နှစ်စဉ်မတ်လ(၁၅)ရက်နေ့ရောက်တိုင်း ကမ္ဘာ့နိုင်ငံအသီးသီးမှာကျင်းပကြသလို၊ မြန်မာ နိုင်ငံမှာလည်း ၂၀၁၆ ခုနှစ်မှစတင်၍ နှစ်စဉ်ကျင်းပလျက်ရှိကြောင်း၊ ယခုနှစ် ကမ္ဘာ့စားသုံးသူအခွင့် အရေးများနေ့ အထိမ်းအမှတ်ဆောင်ပုဒ်မှာ “လူနေမှုဘဝအစဉ်တည်တံ့ဖို့ မျှတအသွင်ကူးပြောင်းစို့” ဖြစ်ကြောင်း၊ ဆောင်ပုဒ်၏ရည်ရွယ်ချက်များအကြောင်း ၊ ကမ္ဘာ့စားသုံးသူအခွင့်အရေး များနေ့ကို ကျင်းပရတဲ့ရည်ရွယ်ချက်ကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး များတွင် ပါဝင်သည့် “ကောင်းမွန်သာယာသောလူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင်နေထိုင် နိုင်ခွင့်” ဆိုသည့်အတိုင်း ရရှိခံစားနိုင်စေရန် ယနေ့မှစ၍ စားသုံးသူပြည်သူများ၊ စီးပွားရေးလုပ်ငန်း ရှင်များကလည်း  စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် လိုအပ် ကြောင်း အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)