
၇.၃.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်တာဝန်ခံ ဦးစီးမှူး ဒေါ်ဇင်ဖြူဝင်းသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် “စားသုံးသူအခွင့်အရေးများနေ့ အကြောင်း Talk Show” ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ချိုဝင်းက (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဘီးလင်းမြို့နယ်တာဝန်ခံ ဦးစီးမှူး ဒေါ်ဇင်ဖြူဝင်းက ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပနေမှု အခြေအနေ၊ အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေ၊ စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းထားမှု အခြေအနေနှင့် ယခုကျရောက်လာမည့် ၂၀၂၅ ခုနှစ် မတ်လ (၁၅) ရက်နေ့ ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့၏ ဆောင်ပုဒ်မှာ “လူနေမှုဘဝ အစဉ်တည်တံ့ဖို့ မျှတအသွင်ကူးပြောင်းစို့” “A Just Transition to Sustainable Lifestyles” ဖြစ်ပါကြောင်းတို့အားလည်းကောင်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
DOCA(မွန်)