Main menu

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကျင်းပ

Powered by Drupal

၁၁.၃.၂၀၂၅ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်သော ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၃၀၀) ဦး တက်ရောက်ခဲ့ကြောင်း သိရပါသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ Video Clip ပြသခြင်း၊ စားသုံးသူရေးရာဌာန ဝန်ထမ်းများမှ “စောင့်ရှောက်ဝိုင်းကူစားသုံးသူ” သီချင်းဖြင့် သီဆိုဖျော်ဖြေဧည့်ခံခြင်း၊ ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ် စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များမှ မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြပြီး တက်ရောက်လာသော ဧည့်သည်တော်များအား လက်ဖက်ရည်နှင့်မုန့်များဖြင့် ဧည့်ခံကျွေးမွေး ကာ အခမ်းအနားကို နေ့လည် (၁၁:၀၀) နာရီအချိန်တွင် ပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)