Main menu

စားသုံးသူအခွင့်အရေးကာကွယ်ပေးရန် တရုတ်နိုင်ငံတရားရုံးများ ဆောင်ရွက်

Powered by Drupal

                 ကမ္ဘာ့စားသုံးသူအခွင့်အရေးများမရောက်မီ တရုတ်နိုင်ငံအမြင့်ဆုံးတရားရုံးမှ ကြိုတင်ငွေပေးချေ၍ ဝယ်ယူခြင်းများတွင် စားသုံးသူများ၏ အခွင့်အရေးကို ကာကွယ် ပေးနိုင်ရေးအတွက် ဥပဒေဆိုင်ရာ အချက်အလက် ၂၇ ချက်ကို ထုတ်ပြန်ခဲ့သည်။ တရုတ်နိုင်ငံအမြင့်ဆုံးအာဏာပိုင်တရားရုံးအနေဖြင့် တစ်နိုင်ငံလုံးရှိတရားရုံးများအား ကြိုတင်ငွေပေးချေခိုင်းပြီး ဝန်ဆောင်မှုပေးအပ်ခြင်းမပြုဘဲ စားသုံးသူများကို လှည့်ဖြား နေတဲ့ကုမ္ပဏီများအား တင်းတင်းကျပ်ကျပ်အရေးယူရေး မှာကြားထားပြီး ဖြစ်သည်။ ထိုသို့လုပ်ဆောင်ရသည့် ရည်ရွယ်ချက်မှာလည်း စားသုံးသူများ၏ အခွင့်အရေးကို ပိုမို ကာကွယ်နိုင်ရေးနှင့် စီးပွားရေးလုပ်ငန်းတွေကို မှန်ကန်စွာ လုပ်ကိုင်ကြစေ ရေး အားပေး မြှင့်တင်ရန် ဖြစ်ကြောင်း သိရသည်။

              လွန်ခဲ့သော နှစ်များအတွင်း တရုတ်နိုင်ငံရှိ အားကစားခန်းမများ၊ အလှပြင် ဆိုင်များ၊ ပညာရေးကျောင်းများကဲ့သို့သော ကြိုတင်ငွေပေးချေရသော ဝန်ဆောင်မှု လုပ်ငန်းများ၌ ပြဿာနာများ ဖြစ်ပွားခဲ့ကြောင်း၊ စားသုံးသူများအနေဖြင့် ၎င်းဝန်ဆောင် မှုများ၌ ငွေကြိုပေးထားခြင်းများပြုလုပ်ပြီးသည့်အခါမှ လုပ်ငန်းများ လည်ပတ်မှု ရပ်ဆိုင်းခြင်း၊ လုပ်ငန်းပိတ်သိမ်းခြင်းများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ပြီး စားသုံး သူနှင့်လုပ်ငန်းရှင်တို့အကြား အငြင်းပွားမှုများလည်း ဖြစ်ပေါ် ခဲ့ကြောင်း သိရှိရသည်။

              ၂၀၂၅ ခုနှစ်၊ မေလ ၁ ရက်နေ့မှစတင် အသက်ဝင်မည့် အထက်ဖော်ပြပါ လမ်းညွှန်ချက်များအရ ကြိုတင်ငွေပေးချေမှုများ ရယူပြီးနောက် ဝန်ဆောင်မှု မပေးအပ် နိုင်သောလုပ်ငန်းများ၊ ငွေပြန်အမ်းရန် တောင်းဆိုမှုများကို ရှောင်ရှားသော စီးပွားရေး လုပ်ငန်းများအား လိမ်လည်မှုဟု သတ်မှတ်၍ ပြစ်ဒဏ်ပေးခြင်း၊ လျော်ကြေးပေးဆောင် စေခြင်းများ ပြုလုပ်မည်ဖြစ်ပြီး လုပ်ငန်းရှင်အနေဖြင့် ပြင်းထန်သောအခြေအနေမျိုး တွင် ရာဇဝတ်မှုဆိုင်ရာအကြောင်းအရာများနှင့်လည်း ရင်ဆိုင်ရနိုင်ကြောင်း သိရှိရ သည်။

              ထို့ပြင် လမ်းညွှန်ချက်များအရ လုပ်ငန်းများသည် စားသုံးသူများ၊ ဝန်ဆောင် မှုရယူထားသူများ အဆင်မပြေသောနေရာသို့ ပြောင်းရွှေ့ခြင်း၊ ဝန်ဆောင်မှု ရယူထားသူ ၏ ခွင့်ပြုချက်မရှိဘဲ ဝန်ဆောင်မှုအား အခြားသူသို့လွှဲပြောင်းခြင်း၊ ဝန်ဆောင်မှုရယူ ထားသော အသင်းဝင်ကဒ်များအတိုင်း ဝန်ဆောင်မှုမပေးအပ်နိုင်ခြင်း တို့ဖြစ်ပွားပါက စားသုံးသူများအနေဖြင့် ရယူထားသောဝန်ဆောင်မှုစာချုပ်ကို ရပ်ဆိုင်းပြီး ငွေပြန်လည် အမ်းရန် တောင်းဆိုနိုင်သည့်အခွင့်အရေးရှိသည်။ ထို့ပြင် အပြင်းအထန်ဖျားနာခြင်းမျိုး သို့မဟုတ် မသန်စွမ်းဖြစ်ခြင်းမျိုးတို့ကြောင့် ရယူ ထားပြီးသော်လည်း မလိုအပ်တော့သော ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုများ တွင်လည်း စားသုံးသူမှ ရယူထားသော ဝန်ဆောင်မှုကို ဖျက်သိမ်းပြီး ငွေပြန်လည် အမ်းပေးရန် တောင်းဆိုနိုင်ကြောင်း သိရ သည်။

              တရုတ်တရားရုံးများအနေဖြင့် စားသုံးသူများကို ထိခိုက်စေပြီး ဈေးကွက် စနစ်ကိုလည်း ထိခိုက်စေသည့် လုပ်ငန်းများကို တားဆီးရန် အစိုးရအေဂျင်စီများနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထို့အပြင် ကြိုတင်ငွေပေးချေမှု ဝန်ဆောင်မှုလုပ်ငန်းများအပေါ် ပြည်သူများ၏ ယုံကြည်မှုမြှင့်တင်နိုင်ရေး၊ စီးပွားရေး လုပ်ငန်းများကို သမာဓိရှိစွာလည်ပတ်နိုင်ရေး လမ်းညွှန်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ချန်ရီဖန် ပြည်သူ့တရားရုံး တရားသူကြီးချုပ်မှ ပြောကြားခဲ့သည်။

DOCA(မန္တလေး)

a