Main menu

အွန်လိုင်းစနစ်တွင် မှတ်ပုံတင်လျှောက်ထားသည့်လုပ်ငန်းအား မြေပြင်စစ်ဆေးခြင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃)ဦး တို့ သည် ၁၁.၃.၂၀၂၅ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် အွန်လိုင်းရောင်းချမှုနှင့်စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် KKT အွန်လိုင်းအမည်ဖြင့် လူသုံးကုန်ပစ္စည်းများ ရောင်းချလျက်ရှိ သည့် အွန်လိုင်း လုပ်ငန်းများအား မြေပြင်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် ဒေါ်နီလာဝင်း၊ ဦးစီးမှူးမှအွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင် ထားရှိသည့် အချက်အလက်များအား မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုများရှိ/မရှိနှင့် အခြား လိုအပ်သည့်အချက်အလက်များ ပြည့်စုံမှန်ကန်ရှိ/မရှိအား DOCA Application အသုံးပြု၍ စစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ်ရေးဥပေဒပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်တာဝန်များအကြောင်း ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းဆိုင်ရာများ နှင့်ပတ်သက်၍လည်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ရန်ကုန်)