
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးမျိုးအေးနှင့် ဝန်ထမ်းများသည် ရွှေပြည်သာမြို့နယ်၊ ပတ္တမြားဈေးမှ ဈေးတာဝန်ခံနှင့်အဖွဲ့၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနမှ စုံစမ်းရေးမှူး ဦးအောင်စိုးမိုးနှင့်အတူ စားအုန်းဆီလက်လီအရောင်းဆိုင် များသို့ ၁၁.၃.၂၀၂၅ ရက်နေ့ ညနေ (၃:၃၀)အချိန်တွင် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါ သည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ဈေးအတွင်းရောင်းချနေသောလက်လီကိုယ်စားလှယ် ဒေါ်ခင်မြရီ မှ မိမိရရှိသောခွဲတမ်းသည် ALPS Co.,Ltd မှ ရရှိပြီး သတ်မှတ်ရည်ညွှန်းဈေးနှုန်းများ အတိုင်း ရောင်းချခြင်း၊ ရရှိသောခွဲတမ်းအား ပြည်သူများသို့ အပြည့်အဝပြန်လည်ရောင်းချခြင်း၊ ပြည့်ဝစွာချိန်တွယ်ပေး ခြင်းနှင့် လက်ကျန်များမတားဆီခြင်းတို့အား ကွင်းဆင်းဆောင်ရွက်ချက် အရ သိရပြီး ယခုအပတ်တွင် စားအုန်းဆီ (၁)ပိဿာရည်ညွှန်းဈေးနှုန်းမှာ မတ်လ(၁၀)ရက်နေ့မှ (၁၆) ရက်နေ့ အထိ (၆၉၈၀) ဈေးနှုန်းဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)