
၁၁.၃.၂၀၂၅ ရက်နေ့ နံနက်(၉:၄၅)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အင်းစိန်မြို့နယ်ရှိ ရွှေဗျိုင်းဖြူစက်သုံးဆီဆိုင်သို့ ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် အမှတ်(၇၈)၊ အောက်မင်္ဂလာဒုံလမ်းမကြီး၊ အင်းစိန်မြို့နယ်ရှိ ရွှေဗျိုင်းဖြူစက်သုံးဆီအရောင်းဆိုင်မှ တာဝန်ခံ ဦးဇော်မြင့်ထွန်းမှ ပူးပေါင်းလျက် သတ်မှတ် ဈေးနှုန်းဖြင့်သာ ဖြန့်ဖြူးရောင်းချပေးရန်နှင့်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန် စက်သုံးဆီ ရည်ညွှန်းဈေးတို့ကို အပတ်စဥ်သောကြောနေ့တိုင်း သက်ဆိုင်ရာဌာနများမှ ထုတ်ပြန် ပေးလျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး စက်သုံးဆီသိုလှောင်ကန်များ၏ စက်သုံးဆီ လက်ကျန်အခြေအနေ နှင့်စက်သုံးဆီဘောက်ဆာကားဝင်ရောက်နိုင်မှု အခြေအနေများ၊ စက်သုံးဆီဆိုင်တွင် တပ်ဆင်ထား သော CCTV များမှ Control စနစ်ကောင်းမွန်ခြင်း ရှိ/မရှိ တို့အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)