
၁၁.၃.၂၀၂၅ ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် အိုးတန်းရပ်ကွက်၊ တိုက်ကြီးမြို့နယ် တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဥ်း၍ အသိပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့ ပါသည်။
ထိုသို့ ဟောပြောခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုက်ကြီးမြို့နယ်ခွဲရုံး တာဝန်ခံ ဒေါ်တင်တင်ဌေး၊ ရုံးအုပ်မှ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၊ ဝန်ကြီးဌာန၊ ဦးစီးဌာန၊ ဒီဂျစ်တယ်ငွေပေးချေမှုတို့၏ အဓိပ္ပါယ်များကိုလည်းကောင်း၊ မှတ်ပုံတင် လျှောက်ထားခြင်းတွင် ပါဝင်သောအချက်များကိုလည်းကောင်း၊ အကျယ်တဝင့်ရှင်းလင်း တင်ပြပြီး အွန်လိုင်းမှ ဝယ်ယူရာတွင်လည်း မှတ်ပုံတင်လက်မှတ်ရှိသော အရောင်းကိုယ်စားလှယ် များမှ ဝယ်ယူကြရန် အသိပညာပေးဆွေးနွေးမှာကြားခဲ့ပြီး ဆွေးနွေးပွဲတွင် စားသုံးသူပြည်သူ (၉)ဦးတက်ရောက် ခဲ့ရာ ဆွေးနွေးပွဲကို (၁၁:၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
DOCA(ရန်ကုန်)